ပျက်ကျလေယာဉ်ရဲ့ မှတ်တမ်းကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ (Credit: ABC licensed) |
ရေနက်ပိုင်းက အသံတွေကို ကြားရတဲ့ ကိရိယာကို နားဆင်နိုင်တဲ့ ပြင်သစ် ရေတပ် သင်္ဘောက အသံကို ဖမ်းမိထားတာ ဖြစ်ပြီး လေယာဉ်မှတ်တမ်း ရှိမယ့် နေရာကို စုံစမ်းပြီး ဆယ်ယူဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။
ရေအောက် မီတာ ၃၀၀၀ လောက်မှာ ရှိနိုင်တဲ့အတွက် အဲဒီ အကွာအဝေး ငုတ်နိုင်တဲ့ ယာဉ်တွေကို စောင့်ဆိုင်းရမှာ ဖြစ်ပြီး နောက်တပတ်မှ ရှာဖွေဆယ်ယူမှု စတင်နိုင်မယ်လို့လည်း သိရပါတယ်။
လေယာဉ် ပျက်ကျပြီဆိုတာနဲ့ လေယာဉ်ပျံ မှတ်တမ်းတွေဟာ သူတို့ ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကို တစ်လအတွင်း အချက်ပြနိုင်အောင် စွမ်းအားတွေ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။
အီဂျစ်လေယာဉ်ဟာ မေလ ၁၉ ရက်နေ့တုန်းက လူပေါင်း ၆၆ ယောက်နဲ့ ပြင်သစ်နိုင်ငံကနေ အီဂျစ်နိုင်ငံကို အသွား ပျက်ကျသွားတာ ဖြစ်ပါတယ်။
အခုအချိန်အထိ လေယာဉ် ဘာကြောင့် ပျက်ကျသလဲ ဆိုတာ မသိရသေးတဲ့အတွက် လေယာဉ် ပျံမှတ်တမ်းကို ရရှိဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
Reuters/AFP
ABC Radio Australia
http://www.radioaustralia.net.au/burmese
MS804 လေယာဉ် မှတ်တမ်း အချက်ပေးမှုကို ပြင်သစ်ဖမ်းမိ
Reviewed by THITHTOOLWIN
on
10:25
Rating: