ဇွန်လ ၃၀ ရက် ၂၀၁၆
ဇွန်လ (၃၀)ရက်နေ့ ယနေ့ မှာ ရန်ကုန်မြို့ ဘုရင့်နောင်မြစ်ကူးတံတား အမှတ်၂ ရဲ့တံတားဘေးဘောင်အောက်ခြေမှာ ကလစ်နဲ့တွဲပြီး မြစ်ကိုဖြက်သွယ်ထားတဲ့ ဆက်သွယ်ရေးကြိုးလိုင်းက ပြုတ်ကျကာ တွဲလောင်းကြီးဖြစ်နေပြီး ရေနဲ့ထိနေပါတယ်။
ရေယာဉ်တွေဖြတ်လို့ မရဘူးဖြစ်နေပါတယ်၊ ညမှောင်သွားရင်ပိုပြီး အခက်အခဲရှိမယ် အချက်ပြ မီးမပြပေးနိုင်ရင် အန္တရာယ်များတယ် တံတားအတွက်ရော ရေယာဉ်တွေအတွက် တင်ပြလိုက်ရပါတယ်။
လှမ်းမြင်နေရတာ သစ်လုံးတင်လာတဲ့ တွဲသင်္ဘောတွေပါ အပေါ်က စုန်လာတာ ဘုရင့်နောင်ဆိပ်ကမ်းမှာကုန်တင်နေတဲ့ ကမ်းရိုးတန်းသင်္ဘောတွေက လှမ်းပြီး သတိပေးလို့ သင်္ဘောတွေပြန်လှည့်ပြီး ရေလယ်မှာ ကျောက်ပေါက်ထားရပါတယ်။
Credit Original Uploader

တံတားဘေးမှာ ပြုတ်ကျနေတဲ့ ဆက်သွယ်ရေးကြိုးလိုင်းနှင့် facebook ပေါ်မှ ရိုက်ခတ်သံ
Reviewed by THITHTOOLWIN
on
19:12
Rating: