ပလိပ်မြို့ ပန်ဒါ စက်ရုံအလုပ်သမားတွေ ဆန္ဒပြ

မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါ ချည်မျှင်အထည်စက်ရုံ အလုပ်သမားတွေ ဇွန်လ ၃ ရက်နေ့က ဆန္ဒပြစဉ်။ Photo: Hset Paing Toe/RFA
မန္တလေးတိုင်း ပလိပ်မြို့မှာရှိတဲ့ ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံမှာ တစ်ပတ်ကို အလုပ်ပိတ်ရက် ၂ ရက် မသတ်မှတ်ပေးတဲ့အတွက် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ကို အလုပ်ရှင်ဘက်က ဖောက်ဖျက်နေ တယ်ဆိုပြီး အလုပ်သမား ၃၀၀ ကျော်က ဒီနေ့ဆန္ဒပြကြပါတယ်။

စက်ရုံအလုပ်သမားတွေက စာချုပ်ဖောက်ဖျက်တဲ့ အလုပ်ရှင်ကို အရေးယူပေးဖို့ အလုပ်သမားဝန်ကြီးဌာန ကို တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမား ဦးမျိုးမောင်မောင်ထက် က ပြောပါတယ်။

အလုပ်သမားတွေက အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်အတိုင်း တစ်ပတ်မှာ ၂ ရက် ပိတ်ရက်ပေးစေ လိုပြီး တစ်ပတ်ကို နာရီပေါင်း ၄၄ နာရီသာ အလုပ်လုပ်လိုကြတာဖြစ်ပါတယ်။

အလုပ်ရှင်ဘက်ကလည်း အလုပ်သမားဥပဒေအတိုင်း ချည်မျှင်စက်ရုံဖြစ်နေတဲ့အတွက် တစ်ပတ်မှာ ၁ ရက်သာ ပိတ်ရက်ထားရှိပြီး နာရီပေါင်း ၄၈ နာရီအလုပ်လုပ်စေလိုတာ ဖြစ်တယ်လို့ ပန်ဒါစက်ရုံ အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရွှေက ပြောပါတယ်။

အရင် စက်မှုဝန်ကြီးဌာနက ပိုင်ဆိုင်တဲ့ ပလိပ်ချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံကို ၂၀၁၃ ခုနှစ်ကစပြီး ပန်ဒါကုမ္ပဏီထံ ငှါးရမ်းလုပ်ကိုင်ခွင့် ချပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိစက်ရုံမှာ ဝန်ထမ်းပေါင်း တစ်ထောင်ကျော်နဲ့ လည်ပတ်နေတာဖြစ်ပြီး တ၀က်လောက်က အရင်ဝန်ကြီးဌာန လက်ထက်က လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းဟောင်းတွေ ဖြစ်ပါတယ်။ အဲ့ဒီဝန်ထမ်းဟောင်းတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင် အကြား မပြေလည်မှုတွေ မကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပလိပ်မြို့ ပန်ဒါ စက်ရုံအလုပ်သမားတွေ ဆန္ဒပြ  ပလိပ်မြို့ ပန်ဒါ စက်ရုံအလုပ်သမားတွေ ဆန္ဒပြ Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.