လက်နက်ကိုင် ပဋိပက္ခဒဏ် မြန်မာ ကလေးတချို့ ခံနေရဆဲ

တိုက်ပွဲ ရှေ့တန်းစစ်မျက်နှာတွင် တွေ့ရတဲ့ကလေးစစ်သားများ။
မြန်မာအပါအဝင် နိုင်ငံတချို့မှာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အင်အားစုတွေမှာ အသုံးပြုနေတဲ့ ကလေးငယ် စုစုပေါင်း ၈ ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ နှစ်ပါတ်လည် အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။
ဒါပေမယ့် အာဖဂန်နစ်စတန်၊ အီရတ်၊ ဆိုမာလီယား၊ တောင်ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင် စတဲ့ နိုင်ငံတွေမှာတော့ ကလေးသူငယ်များ အပေါ်ကျူးလွန်ခဲ့တဲ့ အခွင့်ရေး ချိုးဖေါက်မှုတွေဟာ တုန်လှုပ်ခြောက်ချားစရာ ကောင်းတယ် လို့လည်း ကုလသမဂ္ဂ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Leila Zerrougui ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာ ကလေးစစ်သားများ
မြန်မာနိုင်ငံမှာတော့ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ အစိုးရတပ်တွေနဲ့ တို်င်းရင်းသား လက်နက်ကိုင်တွေကြား ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွါးနေပြီး အဲဒီဒေသတွေမှာ ကလေးတွေကို လက်နက်ကိုင် ပဋိပက္ခထဲ သွတ်သွင်းမှု ၂၁၇ မှု ရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ပဋိပက္ခအတွင်းကလေးသူငယ် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု အပြင် မိန်းခလေးငယ် တချို့ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရမှု တချို့ရှိကြောင်း သတင်းရရှိခဲ့တယ် လို့ ဖေါ်ပြထားပါတယ်။

အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အင်အားစုတွေရဲ့ အပြုသဘော လုပ်ဆောင်လာမှုတွေနဲ့ ပါတ်သက်ပြီဒ သူ့အနေနဲ့ စိတ်အားတက်မိကြောင်း၊ ဒါပေမယ့် ပဋိပက္ခ လွတ်မြောက်လာတဲ့ဒီကလေးငယ်တွေ လူ့အသိုင်းဝိုင်း ထဲ ပြန်လည်ဝင်ရောက်နိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ ထားရှိရေးနဲ့ သူတို့အပေါ် လူမှုရေးနဲ့ စိတ်ဓါတ်ရေးရာ အရ အားပေးဖို့၊ မိန်းခလေးငယ်တွေရဲ့ လိုအပ်ချက်တွေကို အထူးဂရုပြု ဖို့ အတွင်းရေးမှုးချုပ်က တိုက်တွန်းထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
လက်နက်ကိုင် ပဋိပက္ခဒဏ် မြန်မာ ကလေးတချို့ ခံနေရဆဲ  လက်နက်ကိုင် ပဋိပက္ခဒဏ် မြန်မာ ကလေးတချို့ ခံနေရဆဲ Reviewed by THITHTOOLWIN on 07:29 Rating: 5
Powered by Blogger.