ကောင်းမြတ်မန်း ခရီးသည်တင်ယာဉ်မတော်တဆမှုဖြစ်ပွား


နေပြည်တော် ဇွန် ၂၁

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၆၃/၇) နှင့် (၆၄/ဝ) အကြား၌ ဇွန် ၂၁ ရက် နံနက် ၁ နာရီခန့်က ကောင်းမြတ်မန်း ခရီးသည်တင်ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း အောင်မျိုးဦး မောင်းနှင် လာသော 5E/---- ကောင်းမြတ်မန်း ခရီးသည်တင်ယာဉ်သည် ဥသျှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းအပိုင် မိုင်တိုင်အမှတ် (၆၃/၇) နှင့် (၆၄/ဝ) အကြား၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဘာရီယာတုံးကိုတိုက်ကာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့သည်။ ယာဉ်ပေါ်ပါသူ ငါးဦးစလုံး ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ အခင်းဖြစ်ပွားရာသို့ ဥသျှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင် ၁၅ ဦး၊ မီးသတ်တပ်ဖွဲ့(အမြန်လမ်း)မှ တပ်ဖွဲ့ဝင် ငါးဦးတို့က သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပြီး ယာဉ်မောင်းအား ဥပဒေနှင့်အညီ အရေးယူခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကောင်းမြတ်မန်း ခရီးသည်တင်ယာဉ်မတော်တဆမှုဖြစ်ပွား  ကောင်းမြတ်မန်း ခရီးသည်တင်ယာဉ်မတော်တဆမှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:21 Rating: 5
Powered by Blogger.