ရှမ်းပြည်နယ်အတွင်း မြို့ဆိုင်းဘုတ်များကို သက်ဆိုင်ရာ တိုင်းရင်းသားဘာသာဖြင့် ဖော်ပြနိုင်ပြီ


ရှမ်းပြည်နယ်အတွင်း သက်ဆိုင်ရာမြို့နယ်/ မြို့များ၏ ဒေသခံအများစု ဆန္ဒအလျောက် မြို့ဝင်ဆိုင်းဘုတ်တစ်ခု၏ အရွယ်အစားနှင့် ကိုက်ညီနိုင်မည့် မြန်မာစာနှင့် တိုင်းရင်းသားစာ အရေအတွက်ကို ဆုံးဖြတ်ကာ ထည့်သွင်း ထွင်းထုနိုင်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဖွန်လ ၃၀ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်/မြို့များ၏ ဆိုင်းဘုတ်များတွင် အသုံးပြုမည့် ဘာသာစကားများကို အများသုံး၊ ရုံးသုံးဖြစ်သည့် မြန်မာဘာသာ စကားအပြင် မည်သည့် တိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကားကိုမဆို ထည့်သွင်းရန်အတွက် ကန့်သတ်ညွှန်ကြားထားခြင်းကို ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့တွင် ပြုလုပ်သော ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ ပုံမှန်အစည်းအဝေးအရ ရှမ်းပြည်နယ်အတွင်း သက်ဆိုင်ရာမြို့နယ်/ မြို့များ၏ ဒေသခံအများစု ဆန္ဒအလျောက် မြို့ဝင်ဆိုင်းဘုတ်တစ်ခု၏ အရွယ်အစားနှင့် ကိုက်ညီနိုင်မည့် မြန်မာစာနှင့် တိုင်းရင်းသားစာ အရေအတွက်ကို ဆုံးဖြတ်ကာထည့်သွင်း ထွင်းထုနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“တိုင်းရင်းသား ဘာသာစာပေများ မြို့အ၀င်ဆိုင်းဘုတ်မှာ ထွင်းထုနိုင်ရေးကိစ္စကို ပြီးခဲ့တဲ့ဇွန်လ ၂၃ ရက်နေ့က လွှတ်တော်မှာ တင်ခဲ့တာပါ။ အတည်ပြု ဆုံးဖြတ်တာကတော့ ဒီနေ့ရက်စွဲနဲ့ ထွက်လာပါတယ် အထူးသဖြင့် တိုင်းရင်းသား အားလုံးနားလည်နိုင် သဘောပေါက်နိုင်မယ့် ဘာသာစကားတွေ ရေးထိုးခွင့်ရတော့ ကောင်းပါတယ်။ တိုင်းရင်းသား ဘာသာတွေ မြို့အ၀င်ဆိုင်းဘုတ်မှာ မရေးရင်တော့ နောက်ဆက်တွဲ ပြသ၁နာတွေ ဖြစ်လာနိုင်ပါတယ်” ဟု ရှမ်းပြည်နယ် မိုင်းပန်မဲဆန္ဒနယ် အမှတ် ၁ မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းနောင့် က The Ladies သို့ ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်/မြို့များ၏ ဆိုင်းဘုတ်များတွင် အသုံးပြုမည့် ဘာသာစကားများကို အများသုံး၊ ရုံးသုံးဖြစ်သည့် မြန်မာဘာသာစကားအပြင် မည်သည့် တိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကားကိုမဆို ထည့်သွင်းရန်အတွက် ကန့်သတ် ညွှန်ကြားထားခြင်းကို လည်းကောင်း၊ မည်သည့် ဘာသာစကားအား ထည့်သွင်းခွင့်မပြုဟု တားမြစ်ပိတ်ပင်ခြင်းကိုလည်း ပြုလုပ်မည်မဟုတ်ကြောင်း သိရသည်။

လွန်ခဲ့တဲ့သည့် ရက်သတ္တပတ်များအတွင်းက ရှမ်းပြည်နယ်အတွင်းရှိ မြန်မာ ရှမ်း နှစ်ဘာသာဖြင့် ရေးထိုးထားသော မြို့ဆိုင်းဘုတ်များရှိ ရှမ်းစာများကို ပြန်လည် ဖျက်ပစ်ခဲ့မှုကြောင့် ဒေသခံလူထုအကြား ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့ရပါသည်။

ဝသန်
Photo - တရုတ်သျှမ်း ကချင်ဘာသာများဖြင့် မြို့ဆိုင်းဘုတ်ကို တရုတ်နိုင်ငံ မံစီ မိဏ်းခွန် ရှမ်းကချင် အုပ်ချုပ်ခွင့်ရဒေသတွင်တွေ့ရစဉ်
The Ladies News
https://www.facebook.com/News.TheLadies
ရှမ်းပြည်နယ်အတွင်း မြို့ဆိုင်းဘုတ်များကို သက်ဆိုင်ရာ တိုင်းရင်းသားဘာသာဖြင့် ဖော်ပြနိုင်ပြီ ရှမ်းပြည်နယ်အတွင်း မြို့ဆိုင်းဘုတ်များကို သက်ဆိုင်ရာ တိုင်းရင်းသားဘာသာဖြင့် ဖော်ပြနိုင်ပြီ Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.