ဂျွန် ၂၂ ရက် ၂၀၁၆
ပိတ်စဖြင့်ဖုံးအုပ်ထားသော ပြုလုပ်ဆဲ တာချီလိတ်မြို့အ၀င် ဆိုင်းဘုတ်သစ် အား ဖွင့်လှစ် အသုံးပြုခြင်း မပြုရသေးဘဲ အာဏာပိုင်များမှ ရပ်နားခိုင်းခံထား ရစဉ် မီးရှို့ဖျက်ဆီးခြင်းခံရသည်ဟု သိရသည်။
ဂျွန် ၂၁ ရက် ၂၀၁၆ နေ့ ညပိုင်းက အမည်မသိ လူတစု အဆိုပါ ဆိုင်းဘုတ် သစ်အား ဓါတ်ဆီလောင်း မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
မြို့အ၀င်အထွက် ဆိုင်းဘုတ်များအား သျှမ်းဘာသာဖြင့် ရေးသားနိုင်ကြောင်း သျှမ်းပြည်နယ် အစိုးရ၏ စည်ပင် သာယာရေး ၀န်ကြီးက ခွင့်ပြုပေး ညွှန်ကြား သဖြင့် တာချီလိတ် ဒေသခံများက ဆိုင်းဘုတ်သစ်တည် သျှမ်း ဘာ သာ ဖြင့်ရေးသားခဲ့ပြီးမကြာခင် ပြန်ဖျက်ရန် ဆင့်ဆိုညွှန်ကြားခံရသဖြင့် ဆိုင်းဘုတ်သစ်အား ပိတ်စဖုံးကာ ထားလိုက်ရသည်။
"ဆိုင်းဘုတ်ကြီးကို ၁၈ ရက်နေ့ကတည်းက ပိတ်စိမ်းကြီးနဲ့ ဖုံးထားတာ ။ ကျနော်တို့ တောင်သွားဟ ကြည့် သေးတယ်။ အဲဒီအချိန်ကတည်းက သျှမ်းစာက မရှိတော့ဘူး။ သူတို့ဖျက်ထားလိုက်ပြီ။ ဒီအပိုင်းက တပ်တွေ၊ အများဆုံးနေတဲ့ အပိုင်းလေ။ အကြောင်း မသိရင် ဘယ်သူမှ သွားလုပ်ရဲ မှာမဟုတ်ဘူး" - ဟု တာချီလိတ်မြို့နေ စိုင်းကျော် က ပြောသည်။
ဆိုင်းဘုတ်အား မီးရှို့ဖျက်ဆီးခဲ့သူနှင့် မီးရှို့ဖျက်ဆီးရသည့်အကြောင်း ရင်းကိုမူ မသိရသေးပေ။
သျှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ရက်(၁၀၀)စီမံချက်တွင် ပြည်နယ် စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၏ လမ်းညွှန်ချက်တစ်ခုဖြစ်သည့် သျှမ်းပြည်နယ်အတွင်း မြို့အ၀င်ဆိုင်းဘုတ် များအား မြန်မာ - သျှမ်း နှစ် ဘာသာဖြင့် ရေးသားဖော်ပြရန် ပါရှိရာ သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီး၏ မြို့အ၀င် ဆိုင်းဘုတ်များအား ပြောင်းလဲရေး သားနေ လျှက် ရှိသည့်အနက် တာချီလိတ်မြို့အ၀င် ဆိုင်းဘုတ်အား သျှမ်းဘာသာ စာ သားဖြင့် ပြောင်းလဲ ရေးသားထားသည် - ဟု တာချီလိတ်မြို့နယ် စည်ပင် သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်း က ပြောကြောင်း ဂျွန် ၁၈ ရက်နေ့က တာချီလိတ် သတင်းအေဂျင်စီ ကရေးသားဖော်ပြ ထားသည်။
ဓါတ်ပုံ- မြို့အ၀င်ဆိုင်းဘုတ်သစ် မီးရှို့ဖျက်ဆီးခံရသည့်ပုံများ Tachileik News Agency မှ ကူးယူဖော်ပြသည်။
သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
ပိတ်စဖြင့်ဖုံးအုပ်ထားသော တာချီလိတ်မြို့အ၀င် ဆိုင်းဘုတ်သစ် မီးရှို့ ဖျက်ဆီးခံရ
Reviewed by THITHTOOLWIN
on
17:17
Rating: