ပါကစ္စတန်နိုင်ငံ သာသနာရေးဝန်ကြီး (ဟောင်း) Hamid Saeed Kazmi အားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်) |
ပါကစ္စတန်နိုင်ငံ တရားရုံးက သာသနာရေးဝန်ကြီး (ဟောင်း) Hamid Saeed Kazmi အား ဘုရားဖူးများထံမှ လာဘ်ငွေယူမှုဖြင့် ထောင်ဒဏ် ၁၆ နှစ် ချမှတ် အပြစ်ပေးလိုက်ကြောင်း ဇွန်လ ၃ ရက်တွင် ကြေညာသည်။
၂ဝ၁ဝ ပြည့်နှစ်က ပါကစ္စတန် ပြည်သူ့ ပါတီ အစိုးရလက်ထက်တွင် သာသနာရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ Kazmi သည် ဆော်ဒီအာရေးဗီးယား နိုင်ငံသို့ ဘုရားဖူးသွားကြမည့် ပါကစ္စတန် ဘုရားဖူးများအား ဈေးနှုန်းတိုးမြှင့် ကောက်ခံသည့် ပြစ်မှုကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရသည်။
ပါကစ္စတန် ဘုရားဖူး စုစုပေါင်း ၃၅,ဝဝဝ ဦးခန့် ဈေးနှုန်းကြီးကြီးဖြင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့သို့ ဘုရားဖူး သွားခဲ့ရကြောင်း သိရသည်။ အထူးတရားရုံး တရားသူကြီး Nazeer က ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့် ပါကစ္စတန် သာသနာရေး ဝန်ကြီးဌာနမှ Aftab Islam နှင့် Rao Shakil တို့ နှစ်ဦးအားလည်း ထောင်ဒဏ် ၁၆ နှစ် နှင့် ၄ဝ နှစ် စီ အသီးသီး ချမှတ်ခဲ့သည်။
ပြစ်မှုထင်ရှားကြောင်း တရားသူကြီးက အမိန့် ချမှတ်ပြီးနောက်တွင် တရားခံသုံးဦးအား တရားရုံးမှ တဆင့် ရဲအချုပ်ခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ ၄င်းအမှုနှင့် ပတ်သက်ပြီး ပါကစ္စတန် လွှတ်တော် အမတ်များနှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံမှ အစိုးရ အရာရှိများလည်း လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင် ပတ်သက်ရှိကြောင်း သံသယ ဖြစ်နေသည်။
ဆော်ဒီမင်းသား က ၄င်းဖြစ်စဉ်တွင် မည်သူမည်ဝါ ပါဝင် ပတ်သက်ခြင်း ရှိ/မရှိ သက်သေများ ရရှိထားကြောင်း ပါကစ္စတန်နိုင်ငံ တရားသူကြီးချုပ်ထံသို့ စာရေး အကြောင်းကြားထားသည်။ စာပါ အကြောင်းအရာနှင့် ပတ်သက်ပြီး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ပါကစ္စတန် တရားရုံးချုပ်က အမိန့် ပေးထားသည်။ စုံစမ်းစစ်ဆေးခြင်း ခံရသူများထဲတွင် ယခင် ပါကစ္စတန်ဝန်ကြီးချုပ် (ဟောင်း) Yusuf Raza Gilani ၏ သား Abdul Qadir Gilani လည်း ပါဝင်နေသော်လည်း ၄င်းမှာ တရားစွဲဆိုခံရခြင်း မရှိကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com/
ပါကစ္စတန် သာသနာရေး ဝန်ကြီး (ဟောင်း) အား ဘုရားဖူးများထံမှ လာဘ်ငွေယူမှုဖြင့် ထောင်ဒဏ် အပြစ်ပေး
Reviewed by THITHTOOLWIN
on
20:18
Rating: