မြိတ်မြို့ အလယ်ကျွန်းရပ်ကွက် တောကျောင်းမုဒ်ဦး တောင်ခြေသို့ခေါ်လာပြီ လုယက်မှုဖြစ်ပွား


၁.၆.၂၀၁၆ ရက် ည (၉း၄၅)အချိန်ခန့်က မြိတ်မြို့ အလယ်ကျွန်းရပ်ကွက် စကားဝါလမ်း တောကျောင်းပရိယတ္တိစာသင်တိုက် တောင်ခြေ မုဒ်ဦးအနီးတွင် လုယက်ခံရသူ မောင်အောင်မင်သူ (၂၀)နစ် (ဘ) ဦးဖေသိန်း မြိတ်တောင်ကျေးရွာအုပ်စု၊ အောင်မြေသုခရပ်၊ အောင်သစ္စာလမ်းသွယ်နေသူ စီးလာသည် Click i 2016 မော်ဒယ် အနီရောင် ဆိုင်ကယ်အား အမည်မသိ အဖြူရောင်အင်္ကျီ၊ ဘောင်းဘီတို တစ်ဦးနင့် အပြာရောင် အင်္ကျီ၊ ဘောင်းဘီတို ဝတ်ဆင်ထားသည့် အသက်(၂၀)ခန့် Alpha အဖြူရောင် ဆိုင်ကယ်စီးလာသည့် အမျိုးသား (၂)ဦးက အမှောင်ရိပ်ထဲ့သို့ ခေါ်ဆောင်ပြီလုယက်နေစဉ် တောကျောင်းတိုက်မှ သံဃာတော်တစ်ပါးမှ မြင်တွေသဖြင့် အော်ဟစ်အကူညီတောင်းရာ အနီးအနားမှ ရပ်ကွက်သားများရောက်ရှိလာသဖြင့် လုယက်သူ (၂)ဦး ဆိုင်ကယ်ဖြင့် ထွက်ပြေး လွတ်မြောက်သွားခဲပါသည်။


လုယက်ခံရသူ မောင်အောင်မင်သူ သည် မိမိစီးလာသည့်ဆိုင်ကယ်မှာ ရေတိုင်ကီပေါက်နေသဖြင့် ဆိုင်ကယ်တွန်လာစဉ် မြစ်ငယ်ရပ်ကွက် မြို့နယ်မီးသတ်အဖွဲ့အနီး အမည်မသိလူငယ်နစ်ဦးက ဆိုင်ကယ်ပြင်ပေးမည်ဟုဆိုကာ တောကျောင်းတောင်ခြေကို ခေါ်လာပြီ ခြိမ်းခြောက်၍ လက်ကိုင်အိတ်ထဲမှ ငွေ(၁၅၀၀၀ိ/)ကျပ်၊ နင့် OPPO ဖုန်းတစ်လုံး လုယက်ပြီ ဆိုင်ကယ်သော့ ထပ်မံအတင်း လုယက်နေစဉ် သံဃာတော်တစ်ပါးမှ တွေမြင်သွားသဖြင့် Click i အနီးရောင် ဆိုင်ကယ်တစ်စီး ပြန်ရပြီ လုယက်ခံရသူ မောင်အောင်မင်သူ မှာထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာမှ မြိတ်မြို့နယ်အတွင်း လုယက်နေသူများအား ဖော်ထုတ်အရေးယူ ဆောင့်ရွှက်နိင်ရန် ဖော်ပြ၍ တင်ပြအပ်ပါသည်။

Mingalar Bar Myeik
https://www.facebook.com/mingalar.bar.52

မြိတ်မြို့ အလယ်ကျွန်းရပ်ကွက် တောကျောင်းမုဒ်ဦး တောင်ခြေသို့ခေါ်လာပြီ လုယက်မှုဖြစ်ပွား  မြိတ်မြို့ အလယ်ကျွန်းရပ်ကွက် တောကျောင်းမုဒ်ဦး တောင်ခြေသို့ခေါ်လာပြီ လုယက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 04:45 Rating: 5
Powered by Blogger.