နိရဉ္စရာ၊ ဇွန် ၂၂
ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စယင်ဟီးလီသည် ရခိုင်ပြည်နယ်သို့ မြန်မာ့လေကြောင်းလှိုင်းဖြင့် နံနက် ၉ နာရီခွဲကျော်တွင် စစ်တွေ လေဆိပ်သို့ ရောက်ရှိလာပြီး လေဆိပ်တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးကိစ္စများကို ၀န်ကြီးချုပ်နှင့် နှစ်ဦး အပြန်အလှန် ဆွေးနွေးပြီး နံနက် ၁၀ နာရီခန့်တွင် လေဆိပ်မှ ထွက်ခွာသွားခဲ့သည်။
ထိုကဲ့သို့ ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်ဆိုသည့် အသုံးအနှုန်းကိုသာ သုံးနှုန်းပြောဆိုသွားခဲ့ပြီး၊ ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းကို၎င်း၊ ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်း ဆိုသည့် အသုံးအနှုန်းကို၎င်း ပြောဆိုသုံးနှုန်းသွားခြင်း မရှိပေ။
ယနေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ပညာဝ (ဘင်္ဂလီ) ကျေးရွာသို့ ခရီးဆက်မည်ဟု သိရသည်။
ယခုခရီးစဉ်သည် မစ္စယင်ဟီးလီ၏ ရခိုင်ပြည်နယ်သို့ တတိယ အကြိမ်မြောက် ခရီးစဉ်ဖြစ်သည်ဟု သိရသည်။
စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ကုလ အထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်သို့ရောက်ရှိ
Reviewed by THITHTOOLWIN
on
17:34
Rating: