ရန်ကုန်-စစ်တွေကားလမ်း ရိုးမတောင်ပေါ်တွင် ကုန်ကားတစီး တိမ်းမှောက် ၊ထိခိုက်ဒဏ်ရာရရှသူမရှိ


ယနေ့ ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းက ရိုးတောင် ဂုတ်ကြီးအနီးရှိ မိုင်တိုင် ၁၄/၀ မိုင် ပေါလုကွေ့တွင် ကုန်တင်ယာဉ်တစီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ခရီးသည်မပါရှိဘဲ ယာဉ်မောင်းနှင့် ယဉ်နောက်လိုက်တို့သာ ပါရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ သိရပါတယ်။


ခုလို ကုန်တင်ယာဉ်တွေ ရန်ကုန်-စစ်တွေ ကားလမ်း ရခိုင်ရိုးမတောင်ပေါ် လမ်းတွင် မကြာခဏ တိမ်းမှောက်မှုများ ဖြစ်နေရခြင်းမှာ ယာဉ်မောင်းများ မကျွမ်းကျင်မှုနဲ့ ယာဉ်တွင် သတ်မှတ် ကုန်အလေးချိန်ထက် အဆမတန် တင်ဆောင်မှုကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားကြ ပါတယ်။

အခု တိမ်းမှောက်မှုဖြစ်ပွားတဲ့နေရာဟာ လမ်းဆိုးပြီး အတက်ဖြစ်သည့် အတွက် မကြာခဏ တိမ်းမှောက်မှုဖြစ်တဲ့နေရာလို့လည်းသိရပါတယ်။

ဖိုးသီဟ(မြတ်သူထွန်း)

Photo- ရိုးမ စံခမောက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရန်ကုန်-စစ်တွေကားလမ်း ရိုးမတောင်ပေါ်တွင် ကုန်ကားတစီး တိမ်းမှောက် ၊ထိခိုက်ဒဏ်ရာရရှသူမရှိ  ရန်ကုန်-စစ်တွေကားလမ်း ရိုးမတောင်ပေါ်တွင် ကုန်ကားတစီး တိမ်းမှောက် ၊ထိခိုက်ဒဏ်ရာရရှသူမရှိ Reviewed by THITHTOOLWIN on 17:02 Rating: 5
Powered by Blogger.