မန္တလေး မင်္ဂလာဈေး ဈေးသူဈေးသားများဆန္ဒဖော်ထုတ်


မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်ရှိ မင်္ဂလာဈေးကြီး မီးလောင်ကျွမ်းမှု အမူမှန်ပေါ်ပေါက်ရေးနှင့် မူလဆိုင်ခန်းပိုင်ရှင်းများ လက်ရှိနေရာပြန် ရရှိရေးအတွက် ဈေးသူးဈေးသားများ ဇွန်လက ၃၀ နေ့ တွင် တောင်းဆို ဆန္ဒပြ ခဲ့ကြသည်။

"ကျွန်မတို့ဈေးသူဈေးသားတွေ အားလုံးရဲ့သဘောဆန္ဒတွေ ကို လိုက်လျော်ခြင်းမရှိတဲ့ မြို့တော်ဝန်ကိုကျေနပ်မှုမရှိလို့ လူအင်အား ( ၅၀၀ )ဖြင့် မင်္ဂလာဈေးမီးလောင်မှု အမှုမှန် ဖော်ထုတ်ပေးရေးနှင့် မူလဆိုင်ခန်းပိုင်ရှင်များ နဂိုမိမိတို့ နေရာတွေ ပြန်ရရှိရေးအတွက် ဆန္ဒပြတာဖြစ်ပါတယ်။ မြို့တော်ဝန်က အန္တရာယ်ရှိအဆောက်အအုံးလို့ သတ်မှတ်တယ်ဆိုပြီးပြောပါတယ်။


ရန်ကုန်ကပညာရှင်တွေ လာစစ်ဆေးတော့ မွမ်းမံပြင်ဆင်လို့ရတယ် ကြီးကြီးမားမားပျက် စီးတာမတွေ့ရဘူးလို့ ရှင်းပြခဲ့တာ အဲဒါတွေကို မန္တလေး မြို့တော်ဝန် ဦးရဲလွင်က အကြီးစားမွမ်းမံ ပြင်ဆင်တာလည်း အသစ် တည်ဆောက်တာလောက် ကုန်မယ်လို့ပြောတယ်။ ကျွန်မတို့ ဈေးသည်တွေအဖို့ အသစ်ပြန်တည်ဆောက်ပါက မူလနေရာပြန်မရသလို ပိုက်ဆံ တွေလဲ ကုန်ကျအုံးမယ် ဒါကြောင့် ဆန္ဒဖော်ထုတ်တာပါဟု ဈေးသည်တစ်ဦးဖြစ်သူ ဒေါ်သွယ်သွယ် စန်းကပြောသည်။


မင်္ဂလာဈေးသူဈေးသားများ၏ဆန္ဒမပါဘဲ အသစ်ပြန်လည်တည်ဆောက် ကိစ္စများနှင့် အမှုမှန်ပေါ်ပေါက်ရေး မူလဆိုင်ခန်းနေရာပြန်ရရှိရေး မင်္ဂလာဈေးကြီးတစ်ပတ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မန္တလေး မင်္ဂလာဈေး ဈေးသူဈေးသားများဆန္ဒဖော်ထုတ်  မန္တလေး မင်္ဂလာဈေး ဈေးသူဈေးသားများဆန္ဒဖော်ထုတ် Reviewed by THITHTOOLWIN on 17:25 Rating: 5
Powered by Blogger.