မြန်မာရှုံးနိမ့်သည့်ပွဲစဉ်တွင် ထိုင်ခုံ ၈၂ လုံးပျက်စီးခဲ့ နောက်ပွဲစဉ်များတွင် မပြုလုပ်ကြရန်အဖွဲ့ချုပ် မေတ္တာရပ်ခံ
ဇွန် ၃ ရက်နေ့က သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားကြသည့် AYA Bank Cup 2016 ဒုတိယပွဲစဉ်ဖြစ်သည့် မြန်မာအသင်းနှင့်စင်ကာပူအသင်းတို့ယှဉ်ပြိုင်သည့် ပွဲတွင် ပရိတ်သတ်အချို့ကြောင့် ပွဲကြည့်စင်မှ ထိုင်ခုံ ၈၂ လုံးပျက်စီးခဲ့မှုဖြစ်ပွားခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွင်းရုံဌာနမှ ၀န်ထမ်းများက ယနေ့ ဇွန် ၄ ရက်နေ့တွင် ခုံအသစ်များ အချိန်မီ ပြန်လည်တပ်ဆင်ခဲ့သည်။
နောင်ပွဲစဉ်များ တွင် နိုင်ငံနှင့်လူမျိုး ဂုဏ်သိက္ခာအား ငဲ့ကွက်သောအားဖြင့် ထိုသို့ ပြုမူခြင်းများ မပြုလုပ်ကြပါရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မေတ္တာ ရပ်ခံထားသည်။
အဆိုပါပွဲစဉ်တွင် ပရိတ်သတ် ၃၁၀၀၀ ခန့်လာရောက်ကြည့်ရှုကြပြီး မြန်မာအသင်းသည် စင်ကာပူအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့သည်။
ဇွန် ၆ ရက် ညနေ ၃ နာရီတွင် မြန်မာအသင်းနှင့် ဟောင်ကောင်အသင်းတို့ တတိယနေရာလုရမည်ဖြစ်ပြီး ညနေ ၆ နာရီတွင် ဗီယက်နမ်အသင်းနှင့်စင်ကာပူအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဓာတ်ပုံ MFF
Myanmar Citizen News Agency
မြန်မာရှုံးနိမ့်သည့်ပွဲစဉ်တွင် ထိုင်ခုံ ၈၂ လုံးပျက်စီးခဲ့ နောက်ပွဲစဉ်များတွင် မပြုလုပ်ကြရန်အဖွဲ့ချုပ် မေတ္တာရပ်ခံ
Reviewed by THITHTOOLWIN
on
20:13
Rating: