သားဖြစ်သူက လက်ထပ်ခွင့်တောင်းခြင်းကို ငြင်းပယ်ခဲ့သော ၀န်ထမ်းအမျိုးသမီးအား သူဌေးက အရှင်လတ်လတ်မီးရှို့သတ်
ပါကစ်္စတန်နိုင်ငံတွင် သားဖြစ်သူ၏ လက်ထပ်ခွင့်တောင်းခံခြင်းကိုငြင်းပယ်ခဲ့ သော အမျိုးသမီးတစ်ဦးကို ၎င်းင်း၏သူဌေး က ညှဉ်းပန်းနှိပ်စက်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ဆွေမျိုးသား ချင်းများနှင့်ရဲများက ဆိုခဲ့သည်။
ကျောင်း ဆရာမတစ်ဦးဖြစ်သော အသက် ၁၉ နှစ် အရွယ်မာရီယာဆာဒါကတ်သည် မေလ ၃၀ ရက်ညပိုင်း အစ်္စလာမာဘတ်မြို့တော် အပြင်ဘက်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ် သည်။
ပုဂ်္ဂလိကစာသင်ကျောင်း၌ ကျောင်း အုပ်ကြီး၏သားဖြစ်၍ မာရီယာထက် အသက်နှစ်ဆကြီးသူက လက်ထပ်ခွင့် တောင်းခံခြင်းကို ငြင်းပယ်ခဲ့ပြီးနောက် ကျောင်းအုပ်ကြီးမှဆက်တိုက်အနှောင့်အ ယှက်ပေးနေခဲ့သောကြောင့် ကျောင်းမှ ထွက်ခဲ့ရသည်။
မာရီယာသည် ဆိုးဆိုးရွား ရွားညှဉ်းပန်းနှိပ်စက်ခံထားရပြီး အရှင် လတ်လတ်မီးရှို့ခံခဲ့ရသောကြောင့် ဆေး ရုံသို့ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ရ သည်။
ကျောင်းအုပ်ကြီး၏သားသည် တစ်ခုလပ်လည်းဖြစ်သောကြောင့် မာရီ ယာက ငြင်းဆိုခဲ့ခြင်းဖြစ်သော်လည်း ကျောင်းအုပ်ကြီးနှင့်နောက်လိုက်လေးဦးတို့က တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ရဲများ က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ပြစ်မှု ကျူးလွန်သူတစ်ဦးတည်းကိုသာ ဖမ်းဆီး နိုင်သေးသည်ဟု သိရသည်။
မေဇွန်(DM,2.6.16)
Pyi Myanmar
https://www.facebook.com/pyimyanmarnews/
သားဖြစ်သူက လက်ထပ်ခွင့်တောင်းခြင်းကို ငြင်းပယ်ခဲ့သော ၀န်ထမ်းအမျိုးသမီးအား သူဌေးက အရှင်လတ်လတ်မီးရှို့သတ်
Reviewed by THITHTOOLWIN
on
16:23
Rating: