မြန်မာ အစိုးရက ၂၀၃၀ ပြည့်နှစ်ကျရင် မြန်မာနိုင်ငံသားတိုင်း လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အခုလောလောဆယ် မြန်မာနိုင်ငံက ကျေးလက်ဒေသက လူပေါင်း ၈၄ % ဟာ လျှပ်စစ်မီးတွေနဲ့ အလှမ်းဝေးနေပါတယ်။
အဲဒါ့အပြင် လျှပ်စစ်မီး မလုံလောက်မှုကြောင့် စီးပွားငယ်တွေ ညအချိန်အထိ အလုပ်မလုပ်နိုင်တာတွေ၊ ဆေးခန်းတွေမှာ ရေခဲသေတ္တာထဲ ထည့်ထားရမယ့် ဆေးတွေ မထည့်နိုင်တဲ့အခြေအနေမျိုး ဖြစ်နေရသလို ပုံမှန်မီးမလာတဲ့အတွက် ဖွဲ့ဖြိုးရေးလုပ်ငန်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေမှာ အခက်အခဲ ဖြစ်နေရပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ လူဦးရေ ၅၀% လောက် လျှပ်စစ်မီးရရှိဖို့ ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ်မှာ ၇၅% နဲ့ ၂၀၃၀ ပြည့်နှစ်မှာ လူတိုင်း လျှပ်စစ်မီး ရရှိဖို့ မြန်မာအစိုးရက ရည်ရွယ်နေတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ စွမ်းအင်ဆိုင်ရာ အေဂျင်စီ SEFA နဲ့အတူ ပူးပေါင်းလုပ်ကိုင်သွားမှာ ဖြစ်ပြီး လျှပ်စစ်ဖြန့်ဖြူးရေးတွေ လုပ်နိုင်ဖို့ ဒေါ်လာ ၁၀ ဘီလီယံ ကုန်ကြမယ်လို့ ဆိုပါတယ်။
World Bank Group ကလည်း မြန်မာနဲ့ ပူးပေါင်း လုပ်ကိုင်မှာ ဖြစ်ပြီး မြန်မာရဲ့ ရည်ရွယ်ချက်တွေ ပြည့်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကူညီဖြည့်ဆည်းသွားမယ်လို့လည်း World Bank Group ရဲ့ ဘလော့ခ်မှာ ရေးသားထားတာကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
၂၀၃၀ မှာ မြန်မာသားတိုင်း လျှပ်စစ်ရမယ်လို့ဆို
Reviewed by THITHTOOLWIN
on
16:03
Rating: