မုံရွာ၊ဇွန်၊၁
မုံရွာမြို့နယ်နှင့်ချောင်းဦးမြို့နယ်အတွင်းရပ်ကွက်များနှင့်ကျေးရွာများအတွင်းမီးဖိုချောင်သုံး ပစ္စည်းများအားမက်လုံးပေး၍ လိမ်လည်ရောင်းချမှုများ ရှိနေပြီးယနေ့ဇွန်လ၁ရက်နေ့တွင်မှလိမ်လည်ရောင်းချခံခဲ့ရသည်ကိုဝယ်ယူသူများသိရှိခဲ့ရသည်ဟု ယင်း ပစ္စည်းများကိုဝယ်ယူခဲ့သူများကပြောကြားသည်။
မီးဖိုချောင်သုံး ပစ္စည်းများကိုနယ်လှည့်ရောင်းချပြီး ဇွန်လ၁ရက်နေ့တွင်မုံရွာချင်းတွင်းရတနာဈေးအပေါ်ထပ်တွင်ဆိုင်ဖွင့်ပြီးပါကလက် ဆောင်ပေးမည်ဟု ဆိုကာရောင်းချခဲ့ပြီး ယနေ့ချင်းတွင်းရတနာဈေးသို့ လာကြည့်သည့်အခါဘောင်ချာတွင်ပါသော မိုးဧကရီဆိုင်အားတွေ့ခဲ့ခြင်းမရှိဟုဝယ်ယူသူများကဆိုသည်။
"ချင်းတွင်းရတနာဈေးအပေါ်ထပ်မှာဆိုင်ခန်းငှားပြီး ဖွင့်ပွဲကိုဒီနေ့လုပ်မယ်ပြောတယ်ဆိုင်ကိုလာရင်ဘောင်ချာယူခဲ့ဖို့လည်းအရောင်းဝန်ထမ်းတွေကပြောသွားတယ်ဒီကိုလာကြည့်မှကျွန်တော်တို့လိမ်ခံလိုက်ရမှန်း သိသွားတယ်"ဟုချောင်းဦးနယ်မှ လက်ဆောင်လာရောက်ထုတ်ယူသူတစ်ဦးကပြောသည်။
ဝယ်ယူခဲ့ရသည့် ပစ္စည်းများသည်ပြင်ပပေါက် ဈေးထက်လည်းပိုခဲ့သည်ဟု၎င်းကဆက်ပြောသည်။
ဘောင်ချာတွင်ပရိုမိုးရှင်းကာလ၁နှစ်အတွင်း ပစ္စည်းများကိုလဲလှယ်ပေးမည်ဟုဖော်ပြထားပြီး၊ ဘောင်ချာပါဖုန်းအားလုံးသည်လည်းစက်ပိတ်ထား သည်ဟုဝယ်ယူခဲ့သူများကဆိုသည်။
ယင်းဘောင်ချာပါဆိုင်အမည်အားချင်းတွင်းရတနာဈေးအတွင်းတွင်ယနေ့လာရှာသူ၂၀ဦးမကရှိခဲ့သည်ဟု ဈေးသူဈေးသားများကဆိုသည်။
Monywa Gazette
https://www.facebook.com/chindwingazet/
နယ်လှည့်၍မီးဖိုချောင်သုံး ပစ္စည်းများမက်လုံးပေး လိမ်လည်ရောင်းချမှုများရှိနေ
Reviewed by THITHTOOLWIN
on
18:17
Rating: