ကျောင်းကူးတို့လှေနစ်၍ ပိုးရွှီပြင် အထက်တန်းကျောင်းမှ ကျောင်းသား/သူ ၇ ဦး ပျောက်ဆုံးနေ

( ဓာတ်ပုံ- ပိုရွှီပြင် အထက်တန်းကျောင်း မဖြစ်မီက ရိုက်ကူးထားသောဓာတ်ပုံ)
နိရဉ္စရာ၊ ဇွန် ၁

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ပိုးရွှီပြင် အထက်တန်းကျောင်းမှ ကျောင်းသား ၂၀ ကျော်ကို တင်ဆောင်လာသော ကူးတို့လှေတစ်စီး ယနေ့ နေ့လယ်က နစ်မြုပ်ရာ ကျောင်းသူ ၆ ဦးနှင့် ကျောင်းသား တစ်ဦး ပျောက်ဆုံးနေသည်ဟု သတင်း ရရှိသည်။

“ လှေနစ်တာက ကျောင်းဆင်းပြီး အပြန် ဒီကနေ့ နေ့လယ် တစ်နာရီ ၁၅ မိနစ်မှာ နစ်ပါတယ်။ လှေဦးက ရေ၀င်တဲ့ အတွက် ကျောင်းသူတွေကို လှေပဲ့ပိုင်းကို ရွှေ့ခိုင်းစဉ် နစ်တာလို့ သိရပါတယ်။ အခုအချိန်ထိ ကျောင်းသူ ၆ ဦးနဲ့ ကျောင်းသား တစ်ဦး ပျောက်ဆုံးနေပါတယ်” ဟု ပိုးရွှီပြင် ကျေးရွာ မဟာမိတ် လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူ ဦးကံထွန်းမောင် က နိရဉ္စရာသို့ ပြောသည်။

လှေပေါ်တွင် ရခိုင်ဂန့်ဂါရွာမှ ကျောင်းလာတက်သည့် ကျောင်းသား/ကျောင်းသူ ၂၀ ကျော်ပါလာပြီး အများစုကို အနီးအနားက လှေများက ကယ်တင်ခဲ့ရသည်ဟု ဆိုသည်။

ယခုအခါ ပျောက်ဆုံးနေသူ ကျောင်းသူ ကျောင်းသားများကို လိုက်လံ ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
ကျောင်းကူးတို့လှေနစ်၍ ပိုးရွှီပြင် အထက်တန်းကျောင်းမှ ကျောင်းသား/သူ ၇ ဦး ပျောက်ဆုံးနေ ကျောင်းကူးတို့လှေနစ်၍ ပိုးရွှီပြင် အထက်တန်းကျောင်းမှ ကျောင်းသား/သူ ၇ ဦး ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.