ကလေးမြို့တွင် ကလေးငယ်တစ်ဦး ထွန်စက်တိုက်၍သေဆုံး


ကလေး ဇွန် ၅

ကလေးမြို့ သီရိဝေထမင်းဆိုင်အနီးတွင် ယနေ့ ဇွန်လ (၅)ရက်နေ့ က ထွန်စက်တိုက်မိ၍ အသက် ၆နှစ်အရွယ် ချင်းတိုင်းရင်းသား ကလေးငယ်လေးတစ်ဦး ပွဲခြင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သီရိဝေထမင်းဆိုင်သို့ ဆိုင်ကယ်ဖြင့် ဝက်စာလာယူသောသူမှ ကလေးအား ဆိုင်ကယ်ပေါ်ထားခဲ့စဉ် ထွန်စက်သမားမှ ဝင်တိုက်ခဲ့ခြင်းဖြစ်ကာ လမ်းဘေးရှိ ကုက္ကိုပင်ခံနေ၍သာ ထွန်စက်ရပ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထွန်စက်မောင်းနှင်သူမှာ မူးယစ်နေသည်ဟုသိရပြီး ကလေးငယ်၏ အလောင်းအား ထွန်စက်အောက်မှ ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရကြောင်း သိရသည်။

‪မိဘများအနေဖြင့်‬ မိမိတို့၏ ရင်သွေးငယ်များအား မျက်ကွယ်တွင် လက်လွတ်စပယ် ပစ်ထားခြင်း မပြုကြပါရန် သတိပြုရပေမည်။

Photo...သာမွှေး...
တမူးမြို့သတင်း
ကလေးမြို့တွင် ကလေးငယ်တစ်ဦး ထွန်စက်တိုက်၍သေဆုံး  ကလေးမြို့တွင် ကလေးငယ်တစ်ဦး ထွန်စက်တိုက်၍သေဆုံး Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.