ဆီးရီးယား နယ်စပ်တွင် ဖမ်းဆီးခံရသည့် အိုင်အက်စ်အဖြစ် သံသယရှိသူ နှစ်ဦးအား ကွပ်မျက်ခဲ့ကြောင်း တူရကီ ပြောကြား

တူရကီလေဆိပ် ဗုံးပေါက်ကွဲမှုတွင် သေဆုံးသွားသူများအား တူရကီ တာဝန်ရှိသူများက သယ်ဆောင်လာစဉ် (ဆင်ဟွာ)
    အန်ကာရာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

    ဆီးရီးယား နယ်စပ်တွင် လွန်ခဲ့သော ရက်သတ္တပတ်က အိုင်အက်စ်အဖြစ် သံသယရှိသဖြင့် ဖမ်းဆီးခံထားရသူ နှစ်ဦးအား တူရကီ လုံခြုံရေး တပ်ဖွဲ့က ကွပ်မျက်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ Anadolu က ဇွန်လ ၃၀ ရက်က သတင်းတင်ပြခဲ့သည်။

ထိုသူများအား ဇွန်လ ၂၅ ရက်က ကွပ်မျက်ခဲ့သူများသည် ဆီးရီးယားမှ တူရကီသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးစားခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဆက်စပ် စုံစမ်းမှုများအရ ၎င်းတို့ နှစ်ဦးမှာ ဆီးရီးယားရှိ အိုင်အက်စ်များနှင့် အဆက်အသွယ်ရှိကြောင်း တွေ့ရှိခဲ့ သလို ထောက်လှမ်းရေးမှတ်တမ်း စာရင်းဝင်ထားသူများလည်း ဖြစ်သည်။

ထို့ပြင် လူ ၄၁ ဦး သေဆုံးပြီး ၂၃၉ ဦး ဒဏ်ရာရရှိခဲ့သည့် အစ္စတန်ဘူလ် Atrturk လေဆိပ် တိုက်ခိုက်မှု နောက် ကွယ်၌ အိုင်အက်စ်တို့ ရှိနေကြောင်း တူရကီ အာဏာပိုင်များဘက်က စွပ်စွဲထားသော်လည်း အကြမ်း ဖက်အဖွဲ့ ကမူ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိသေးပေ။

ဇွန်လ ၃၀ ရက် ညနေပိုင်း စာရင်းအရ အဆိုပါ လေဆိပ် တိုက်ခိုက်မှုတွင် သေဆုံးသူ ၄၂ ဦး ရှိကြောင်း Sabah နေ့စဉ် သတင်းစာက တင်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com
ဆီးရီးယား နယ်စပ်တွင် ဖမ်းဆီးခံရသည့် အိုင်အက်စ်အဖြစ် သံသယရှိသူ နှစ်ဦးအား ကွပ်မျက်ခဲ့ကြောင်း တူရကီ ပြောကြား  ဆီးရီးယား နယ်စပ်တွင် ဖမ်းဆီးခံရသည့် အိုင်အက်စ်အဖြစ် သံသယရှိသူ နှစ်ဦးအား ကွပ်မျက်ခဲ့ကြောင်း တူရကီ ပြောကြား Reviewed by THITHTOOLWIN on 17:02 Rating: 5
Powered by Blogger.