အချစ်ခါးခါး


4June 2016

ထိုင်းနိုင်ငံ နကော်ဖနုံ နောင်စွန် ခရိုင် က တပ်မတော်သားဟောင်း ဆာရယု အသက် (၂၃ )နှစ် ကို ရဲတပ်ဖွဲ့  ၀င်တွေက ဇနီးဖြစ်သူ အသက် (၁၉)နှစ် ကို သေနတ်နဲ့ ပစ် ထွက်ပြေး သွားခဲ့လို့  ရှာဖွေဖမ်းဆီး နေကြပါတယ်။

မင်္ဂလာဆောင်ပြီးတာ တစ်လ သာရှိသေးပြီး ပျားရည်ဆန်း ဟန်းနီးမွန်း ခ၇ီးကပြန်လာတာ ရက်ပိုင်းသာရှိပါသေးတယ်၊ မိန်းမ ဖြစ်သူကို အပြင်ထွက်ပြီး အစားအသောက်ဝယ်ဘို့  ဘတ်(၄၀)ကျပ်ငွေ ၁၂၀၀ခန့်  တောင်းတာကို အမျိုးသမီးက မကြေမနပ်နဲ့  မျက်နှာကို ပိုက်ဆံအိပ်နဲ့  ပစ်ပေါက်ခဲ့က လင်မယားစကားများခဲ့ကြတာပါ။

တရားခံဟာ ပိုက်ဆံအိပ်အတွင်းက ထိုင်းဘတ်ငွေ ၄၀၀ (၁၂၀၀၀ကျပ်) ကိုထုတ်ယူသွားခဲ့ပြီး အပြင်ထွက် အရက်သောက် ပြန်အလာမှာ ထပ်စကားများရာက မိန်းမကို သေနတ်နဲ့  ပစ်ခဲ့ပါတယ်။

အမျိုးသမီးကတော့ သေနတ်ဒဏ်ရာနဲ့  အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံး သွားခဲ့ပါတယ်၊ ယောက်ကျားဖြစ်သူကတော့ ယခုအချိန်အထိ ထွက်ပြေးနေ ဆဲပါ။


ယခုမှုခင်းနဲ့  ပါတ်သက်ပြီး ထိုင်းနိုင်ငံသားတွေကြားမှာ အငြင်းပွား စရာတွေ ဖြစ်နေတဲ့ အကြောင်းကတော့ စစ်ထွက်ကိုယူမိလို့  အသေဆိုး နဲ့ သေရတာလို့  ပြောနေကြသလို.... ဘတ်လေးဆယ်တောင်းတာကို မျက်နှာပိုက်ဆံအိပ်နဲ့  ပေါက်တဲ့အထိ ဖြစ်ရသူ ဇနီးက စမှားခဲ့တာ လို့  ဝေဖန်နေ သူတွေလည်း ရှိနေပါတယ်။

ဘာဘဲဖြစ်ဖြစ် တကယ်မချစ်ကြလို့ တဦးပေါ်တဦး ဆက်ဆံရေးက ဟန်မဆောင်နိုင်ကြတော့ဘဲ အချိန်တိုအတွင်းမှာ ပင်ကိုယ်စိတ်တွေ ပြခဲ့ကြတဲ့ အချစ်ခါးခါး ဖြစ်ရပ်တခုသာ ဖြစ်ပါတယ်။

SAW
Credit Khaosod
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
အချစ်ခါးခါး  အချစ်ခါးခါး Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.