နျူကလီးယား တိုက်ခိုက်မှုကို ကာကွယ်နိုင်သည့် ဒုံးကျည်စနစ်ကို ရုရှားအောင်မြင်စွာ စမ်းသပ်


မော်စကို ၊ ၂၂-၆-၂၀၁၆

ရုရှားနိုင်ငံသည် တာတိုပစ် ဒုံးကျည် တိုက်ဖျက်ရေးစနစ် တစ်ခုကို ဇွန် ၂၁ ရက် အစောပိုင်းက အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ကြောင်း ယင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ ဒုံးခွင်းဒုံးကျည် ကို ရုရှား လေကြောင်းရန် ကာကွယ်ရေး နှင့် ဒုံးကျည်တပ်ဖွဲ့ က ကာဇက်စတန်ရှိ ဆာရီ-ရှာဂန် ဒုံးကျည် စမ်းသပ်ကွင်း၌ ဒေသ စံတော်ချိန် နံနက် ၇ နာရီခန့်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းဒုံးကျည် သည် သတ်မှတ်ချိန် အတွင်း ပစ်မှတ်ကို အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့ကြောင်း ရုရှားစစ်ဘက် မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဗစ်တာဂူမန်နီ က ပြောကြား ထားသည်။

ယခု စမ်းသပ်ခဲ့သည့် ဒုံးကျည်စနစ် သည် ရုရှားနိုင်ငံ အပေါ် ပြုလုပ်လာ နိုင်ဖွယ်ရှိသော နျူကလီးယား တိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်း ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်သည့် ကြေညာချက် တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံ၏ ဒုံးကျည် စမ်းသပ်မှုသည် အမေရိကန် ပြည်ထောင်စု က မြေပြင် အခြေစိုက် ဒုံးကျည်စနစ် များကို ဥရောပတွင် ဖြန့်ကြက်ချခြင်း အပါအဝင် ရန်လိုသည့် အပြုအမူ များကို လုပ်ဆောင်နေစဉ် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
နျူကလီးယား တိုက်ခိုက်မှုကို ကာကွယ်နိုင်သည့် ဒုံးကျည်စနစ်ကို ရုရှားအောင်မြင်စွာ စမ်းသပ်   နျူကလီးယား တိုက်ခိုက်မှုကို ကာကွယ်နိုင်သည့် ဒုံးကျည်စနစ်ကို ရုရှားအောင်မြင်စွာ စမ်းသပ် Reviewed by THITHTOOLWIN on 16:27 Rating: 5
Powered by Blogger.