ဒူတာတေး သမ္မတအဖြစ် ကျမ်းသစ္စာကြိမ်ဆို

ဖိလစ်ပိုင် သမ္မတ ရော်ဒရီကို ဒူတာတေး (Credit: AFP)
ဖိလစ်ပိုင်နိုင်ငံက ​မြို့တော်ဝန်ဟောင်း ​ရော်ဒရီကို ​ဒူတာတေးဟာ ​ဒီနေ့မှာပဲ ​သမ္မတအဖြစ် ​ကျမ်းသစ္စာ ​ကြိမ်ဆိုပြီ ​ဖြစ်ပါတယ်။

မဲဆွယ်စည်းရုံးရေး ​ကာလအတွင်း ​ရော်ဒရီကို ​ဒူတာတေးဟာ ​ရာဇာဝတ်သားတွေကို ​သက်ညာမှာ ​မဟုတ်ပဲ ​သတ်ပစ်မယ်လို့ ​ပြောဆိုခဲ့တဲ့အတွက် ​လူကြိုက်များခဲ့သူ ​ဖြစ်ပါတယ်။

သူဟာ ​ဖိလစ်ပိုင်နိုင်ငံရဲ့ ​တတိယ ​အကြီးဆုံးမြို့ဖြစ်တဲ့ ​Davao ​မြို့တော်ဝန်အဖြစ် ​၂၂ ​နှစ်ကြာ ​အမှုထမ်းဆောင်ခဲ့သူ ​ဖြစ်ပြီး ​သူ့လက်ထက်အတွင်း ​ရာဇာဝတ်သားလို့ ​သံသယရှိသူတွေကို ​တွေ့တဲ့နေရာမှာ ​ပစ်သတ်ဖို့ ​ပေါ်လစီကို ​ကျင့်သုံးခဲ့တယ်လို့ ​ဝေဖန်ခံနေရပါတယ်။

အဲဒီပေါ်လစီကြောင့် ​ရာဇာဝတ်မှုတွေ ​သိသိသာသာ ​ကျဆင်းသွားပေမယ့် ​လူ့အခွင့်အရေး ​အဖွဲ့တွေကတော့ ​တရားခွင်မှာ ​အမှုရင်ဆိုင်ခွင့်မရပဲ ​သတ်ပစ်ခံရသူ ​လူပေါင်း ​တစ်ထောင်လောက် ​ရှိတယ်လို့ ​ပြောဆိုနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဒူတာတေး သမ္မတအဖြစ် ကျမ်းသစ္စာကြိမ်ဆို  ဒူတာတေး သမ္မတအဖြစ် ကျမ်းသစ္စာကြိမ်ဆို Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.