ပဲခူး ဇွန် ၅
ပဲခူးမြို့ လူနေရပ်ကွက်အနီးသို့ ဝင်လာသည့် တောဆင်ရိုင်းသုံး ကောင်ကို ဟန့်တားသည့်အနေ ဖြင့် လေးဂွဖြင့်ပစ်သည့် သဲကား အလုပ်သမားတစ်ဦးကို တောဆင် ရိုင်းက လိုက်လံနင်းရာ အလုပ် သမားမှာ ပေါင်တစ်ချောင်းကျိုး၊ ကပ်ပယ်အိတ်တစ်ခြမ်းပျက်စီး ကာ ငယ်ပါအရင်းမှပြတ်ထွက် သည့် ဒဏ်ရာရရှိသွားကြောင်း ဒေသခံသတင်းထောက်များထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး(၅) မြေတိုင်းအမှတ်(၁၉) အနီးသို့ တောဆင်ရိုင်း သားအမိသုံးကောင် ရောက်ရှိလာကြောင်း၊ လူများ သိရှိပြီး လာရောက်ကြည့်ရှုသော ကြောင့် လူများကို အန္တရာယ်ပြုမည် စိုးသဖြင့် သဲကားအလုပ်သမား ဦးစိုးလွင်က လေးဂွဖြင့် ပစ်ခတ် ခြောက်လှန့်ရာ တောဆင်ရိုင်းတစ် ကောင်မှ စိတ်ဆိုးပြီး ခြေထောက် ဖြင့် လိုက်နင်းခြင်းဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရသွားသည့် အသက် (၄၅နှစ်)အရွယ် ဦးစိုးလွင် ကို ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိပြီး တောဆင်ရိုင်း များကို သစ်တောဌာနမှ တာဝန်ရှိ သူများက အန္တရာယ်ထပ်မံမပြုစေ ရန် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
လဲ့နန္ဒာကျော်
The Union Daily
https://www.facebook.com/uniondaily.net
ပဲခူးတွင် တောဆင်ရိုင်းအနင်းခံရ၍ လူဖြစ်ရှုံးခဲ့ရ
Reviewed by THITHTOOLWIN
on
21:26
Rating:
![ပဲခူးတွင် တောဆင်ရိုင်းအနင်းခံရ၍ လူဖြစ်ရှုံးခဲ့ရ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-KXMM_jIfgxqaa3p9i3L7IIuEkvrVWYsjCd92CwK9GgVr5HNK2zEUXu4p5Xe3L52UFyy6F3QduX6hPm6YMJWK5apkauXZFbhgag1AqXhOzHQsIm_oONVM5h2Up4t7wjELqs_sG4JXJ0Jy/s72-c/1.jpg)