အာဖဂန်နစ္စတန် ကဘူးလ်မြို့ ၌ ဇွန်လ ၂ဝ ရက်က အသေခံ ဗုံးခွဲမှုကြောင့် ဘတ်စ်ကားတစ်စီး ပျက်စီးသွားစဉ် (ဓာတ်ပုံ-အင်တာနက်) |
အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ်မြို့ ၌ ဇွန်လ ၂ဝ ရက်က ဖြစ်ပွားသည့် အသေခံ ဗုံးခွဲမှုတွင် နီပေါလူမျိုး ၁၄ ဦးသေဆုံးပြီး ကိုးဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုသည်။
“ဒေသစံတော်ချိန် မနက် ၄ နာရီ ၄ဝ မိနစ်လောက်မှာ အသေခံဗုံးခွဲသမားဟာ နိုင်ငံခြား ကုမ္ပဏီတစ်ခုရဲ့ ဘတ်စ်ကားဆီကို ချဉ်းကပ်ပြီး ဗုံးခွဲလိုက်တာပါ ။ အကျိုးဆက်ကတော့ အဲဒီကုမ္ပဏီ မှာ အလုပ်လုပ်နေတဲ့ နီပေါလူမျိုး အလုပ်သမား ၁၄ ယောက် သေသွားတယ် ” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဖဂန်နစ္စတန် နိုင်ငံ Banahi ဒေသအတွင်းရှိ Pul-e-Charki လမ်းပေါ်တွင် ဖြစ်ပွားခဲ့သော အသေခံ ဗုံးခွဲမှုတွင် နီပေါလူမျိုး ၅ ဦး နှင့် အာဖဂန်လူမျိုး ၄ ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်းတို့သည် ကဘူးလ်မြို့ရှိ နိုင်ငံခြားသံရုံး တစ်ခုတွင် လုံခြုံရေး ဝန်ထမ်းများအဖြစ် လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဆိုသည်။ တိုက်ခိုက်မှုကြောင့် သေဆုံးသူများသည် အခင်းဖြစ်နေရာတွင် ပွဲခြင်းပြီး သေဆုံးခဲ့သွားကြသူများ ဖြစ်ပြီး မီးပွားကူးစက်မှုကြောင့် အနီးအနားတွင် ရှိနေသည့် လူစီးကားအချို့ နှင့် ဈေဆိုင်အချို့ လည်း ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုမှာ ၄င်းတို့ ၏ လက်ချက်ဖြစ်ကြောင်း တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် Zabiullah Mujahid က ထုတ်ဖော် ပြောဆိုထားပြီး အာဖဂန်နစ္စတန် အစိုးရ အဖွဲ့ အကြီးအကဲ Abudllah Abullah က အခင်းဖြစ်စဉ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
တာလီဘန် အကြမ်းဖက်သမားများက အာဖဂန် ပြည်သူများအား အစိုးရရုံးများ နှင့် စစ်တပ် အနီးအနား တစ်ဝိုက်တွင် စုရုံး နေထိုင်ကြခြင်း မပြုရန် သတိပေးထားပြီး အာဖဂန်အစိုးရအား ထောက်ခံ အားပေးခြင်းမျိုး မပြုလုပ်ကြရန်လည်း ထပ်လောင်း သတိပေးထားကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
အာဖဂန်နစ္စတန်၌ အသေခံဗုံးခွဲမှုကြောင့် နီပေါလူမျိုး ၁၄ ဦး သေဆုံး
Reviewed by THITHTOOLWIN
on
16:23
Rating: