ဘားအံ ဇွန် ၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-မြဝတီကားလမ်း၌ ဇွန်လ(၅)ရက်နေ့က ဆိုင်ကယ်တိမ်းမှောက်ခဲ့သဖြင့် ဆိုင်ကယ်မောင်း သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ၂၀၁၆ ဇွန်လ(၅)ရက်နေ့ ညနေ(၃)နာရီ(၁၅) မိနစ်အချိန်က ဘားအံဆေးရုံမှ ကျားကလေးရွာအနီးဆိုင်ကယ် မှောက်၍ အမျိုးတစ်ဦးရောက်ရှိ လာပြီး ဆေးကုသစဉ်သေဆုံး သွားကြောင်း ဂျိုင်းနယ်မြေရဲစခန်းသို့ အကြောင်းကြား၍ စခန်းမှူးရဲအုပ်မြင့်နိုင် ဦးစီးအဖွဲ့ဖြင့် သွားရောက် စုံစမ်းခဲ့ပါသည်။
ဘားအံဘက်မှ မြဝတီဘက်သို့ ဦးအောင်မျိုးသန့်(၅၁) နှစ်၊ (ဘ) ဦးမောင်မောင်ကြီး၊ ၃/မဝတ( နိုင် )၀၀၀၆၃၇၊ ဗမာ/ ဗုဒ္ဓ၊ ဆိုင်ကယ်တက္ကစီမောင်း၊ တောင်ကြာအင်းကျေးရွာ၊ ကော့ကရိတ်မြို့နေသူ မောင်းနှင်လာသည့် Wave-110ပြာ/ခဲရောင်ဆိုင်ကယ်သည် ဘားအံမြို့နယ် ကျားကလေးရွာအနီး အရောက်အရှိန် မထိန်းနိုင်သဖြင့် ဆိုင်ကယ်တိမ်း မှောက်၍ ဘားအံဆေးရုံတွင် တက်ရောက်ကုသစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက် ဂျိုင်းနယ်မြေရဲစခန်းမှ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘားအံသတင်း
ဘားအံ-မြဝတီ ကားလမ်း ဆိုင်ကယ်တိမ်း မှောက်၍သေဆုံးမှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:41
Rating: