မြိတ်မြို့က လွင်နယ်မြေရှိ ကလွင်သုဿာန်တွင် အမှိုက်များ လာရောက် စွန့်ပစ်ရန် အတွက် တာဝန်ရှိသူများက မြေကျင်းတူးပေးထားပြီး လာရောက် စွန့်ပစ်ခိုင်းနေတာတောင် မြို့ပတ်(2)လမ်း ငွေပုလဲရပ်ကွက်မှ ရွာသစ်ရွာသို့ သွားရာလမ်းတလျှေက်တွင် အမှိုက်ကားများ လာရောက် စွန့်ပစ်နေကြပါသည်။
မေးလိုက်လို့ရှိရင် စည်ပင်က ပစ်ခိုင်းသည်ဟု ပြောပါသည်။ လမ်းတလျှောက်တွင် အမှိုက်များ ကြောင့် မိုးရာသီတွင် ယင်ပေါက်ဖွားမှုနှုန်း ပိုများလာသဖြင့် မနက်ပိုင်းထမင်းစားလျှင် ခြင်ထောင်ဖြင့် စားရပါတယ်လို့ အနီးအနား တဝိုက်ရှိ နေအိမ်များမှပြောလာပါသည်။
ဒီကိစ္စကို ဘယ်လိုဆောက်ရွက်ပေးနိုင်မလဲဟု တာဝန်ရှိသော စည်ပင်သာယာရေးဌာနကို မေးချင်ပါတယ်။ အမြန်ဆုံးပြေလည်အောင် ဆောင်ရွက်ပေးပါလို့။
တာဝန်သိပြည်သူတစ်ဦး
မြိတ်မြို့ သတင်းမီဒီယာ
မြိတ်မြို့က လွင်နယ်မြေတွင် တစ်မြို့လုံးရှိ အမှိုက်များ လာရောက် စွန့်ပစ်နေသည့် ကိစ္စ
Reviewed by THITHTOOLWIN
on
21:43
Rating:
