အက်ဆစ်စက်ရုံ အနံ့ဆိုးကြောင့် ကျောင်းသားတွေ ကျောင်းမတက်တော့


စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးမှာရှိတဲ့ မိုးကြိုးဆာလဖျူရစ် အက်ဆစ်စက်ရုံက ထွက်တဲ့ အနံအသက်ဆိုးတွေကြောင့် ကံကုန်းကျေးရွာက စာသင်ကျောင်းမှာ ကလေးငယ်တွေ ကျောင်းမတက်ဘဲ ခွင့်တိုင်ကြားကြပါတယ်။

ကံကုန်းကျေးရွာက အခြေခံပညာအဆင့်စာသင်ကျောင်းမှာ ကျောင်းသား ၈၀၀ ခန့်ရှိပြီး ဒီနေ့ ကျောင်းသား အားလုံးနီးပါး ကျောင်းမတက်နိုင်ဘဲ မိဘတွေက ခွင့်တိုင်ကြတာဖြစ်တယ်လို့ ကံကုန်းရွာသား ကိုတင့်အောင်စိုး က ပြောပါတယ်။

အခုလ ၁၆ ရက်နေ့က စတင်ပြီး စက်ရုံကနေ အနံ့အသက်ဆိုးတွေ ထွက်နေတာဖြစ်ပြီး စာသင်ကျောင်းနဲ့ စက်ရုံဟာ ကိုက် ၂၀၀ သာဝေးတာကြောင့် ကလေးငယ်တွေ ကျန်းမာရေး ထိခိုက်မှာကို မိဘတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

ကံကုန်းကျေးရွာက အခြေခံပညာကျောင်းမှာ မူလတန်းကနေ ဒသမတန်းအထိ ပညာသင်ကြား နိုင်တာကြောင့် အနီးနားက ဂုံးတော၊ အေးကုန်း၊ ချောင်းဖြတ်စတဲ့ ကျေးရွာတွေက ကလေးငယ် တွေလည်း ကျောင်းလာရောက်တက်ကြတာဖြစ်ပါတယ်။

အက်ဆစ်နံတွေထွက်နေတာကို မခံနိုင်တာကြောင့် စက်ရုံရှေ့ကို ဒေသခံတွေက သွားရောက်ပြီး ကုမ္ပဏီတာဝန်ရှိသူတွေကို တွေ့ဆုံခွင့်ရဖို့တောင်းဆိုခဲ့ပေမယ့် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီက တာဝန်ရှိသူတွေက တွေ့ဆုံတာမရှိခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

Photo: ဆားလင်းကြီးမြို့ရှိ မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်ပိုင် ဆာလ်ဖျူရစ် အက်စစ်စက်ရုံကို တွေ့ရစဉ်

RFA Burmese
https://www.facebook.com/rfaburmese
အက်ဆစ်စက်ရုံ အနံ့ဆိုးကြောင့် ကျောင်းသားတွေ ကျောင်းမတက်တော့  အက်ဆစ်စက်ရုံ အနံ့ဆိုးကြောင့် ကျောင်းသားတွေ ကျောင်းမတက်တော့ Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.