ပန်းဘဲတန်းမြို့နယ်တွင် ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွား မီးခိုးမွှန်၍ အမျိုးသားနှစ်ဦး အမျိုးသမီးငါးဦး ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသ


ရန်ကုန် ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲ တန်းမြို့နယ် ရွှေဘုံသာလမ်း(အပေါ် ဘလောက်)ရှိ သီတာမင်းဆေးခန်း အပေါ်ထပ် အိတ်ချုပ်လုပ်ငန်း လုပ်ကိုင်သည့်တိုက်ခန်း၌ ယနေ့ မွန်းလွဲ ၂ နာရီ ၁ဝမိနစ်က ဝိုင်ယာ ရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွား ခဲ့သည်။

အဆိုပါမီးလောင်မှုကို မီးသတ် ဦးစီးဌာနက Level -2 သတ်မှတ် ကာ ငြှိမ်းသတ်ခဲ့ရပြီး နေအိမ်တိုက် ခန်းအပေါ်ထပ်များရှိ နေထိုင်သူ ၁ဝဦးထက်မနည်း ပိတ်မိနေခြင်း ကြောင့် ၄င်းတို့ အန္တရာယ်ကင်းရှင်း စေရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ လှေကားတင်ယာဉ်များဖြင့် ကူညီ ဆောင်ရွက်ပေးခဲ့သော်လည်း မီးခိုး မွှန်၍ အမျိုးသားနှစ်ဦး၊အမျိုးသမီး ငါးဦး အသက်ရှူမဝ ဖြစ်ခဲ့သော ကြောင့် ရန်ကုန်ဆေးရုံကြီးသို့ တင် ပို့ကုသခဲ့ရကြောင်း သိရသည်။
''မီးလောင်ရတဲ့ အကြောင်း ရင်းကတော့ အိတ်ချုပ်လုပ်ငန်း က ဖျူ့စ်ဆင်ထားတယ်။ အဲ့ဒီ ဖျူ့စ် ခုံပေါ်ကို အိတ်တွေတင်ထားတယ်။ ခုံကနေ အပူလွန်ကဲပြီး မီးစလောင် တာပေါ့''ဟု ပန်းဘဲတန်းမြို့မရဲ စခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦး က ပြောသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးငွေကျပ် နှစ်သိန်းခန့်ဖြစ်ပြီး ပန်းဘဲတန်းမြို့မရဲစခန်းက (ပ) ၁၂ဝ /၂ဝ၁၆ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယူဒီနေ
The Union Daily
https://www.facebook.com/uniondaily.net
ပန်းဘဲတန်းမြို့နယ်တွင် ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွား မီးခိုးမွှန်၍ အမျိုးသားနှစ်ဦး အမျိုးသမီးငါးဦး ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသ  ပန်းဘဲတန်းမြို့နယ်တွင် ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွား မီးခိုးမွှန်၍ အမျိုးသားနှစ်ဦး အမျိုးသမီးငါးဦး ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.