လုပ်ငန်းလိုင်စင်မရှိသည့်ခရီးသည်တင်မှန်လုံကား တချို့အားအရေးယူမှုအပေါ် ပို့/ဆက် ဒုဦးစီးမှူးဆိုသူမှ မလျော် သြဇာသုံး၍ ဖိအားပေးပြောဆို


လုပ်ငန်းလိုင်စင်မရှိသည့် ခရီးသည်တင်မှန်လုံကား တချို့အားအရေးယူမှုအပေါ် ပို့ဆက် ဒုဦးစီးမှူးဆိုသူမှ မလျော် သြဇာသုံး၍ ဖိအားပေးပြောဆိုနေသည်ကို တွေ့ရပါသည်။

မေလ(၃၁)ညပိုင်းတွင် မြိတ်မှ ကော့သောင်းသို့ ပြေးဆွဲသည့် ရွှေလင်းထက် ခရီးသည်တင်ယာဉ်အမှတ် 5K/6659 မှာ လုပ်ငန်းလိုင်စင်မရှိပဲ ပြေးဆွဲနေသည်ကို စစ်ဆေးတွေ့ရှိသောကြောင့် မထသမှ တရားဝင်လိုင်စင် ပြုလုပ်ပြီးမှ ပြေးဆွဲရန် ပြောကြားခဲ့ပါတယ်။ထိုသို့ပြောဆိုရာ ရွှေလင်းထက်ယာဉ်လိုင်းမှ ဂိတ်တာဝန်ခံ သော်တာလင်းဆိုသူမှ တိုင်း ပို့/ဆက်က ခွင့်ပြုထားတာ ခင်ဗျားတို့ မထသ တွေက ဘာအကြောင်းကြောင့် လာရောက်တာဆီးတာလဲ ဟု မချေမငံ ပြောဆိုခဲ့ပါသည်။

ထိုသိုပြောဆိုဆွေးနွေးနေစဉ် ရွှေလင်းထက်ကားမှာ ခရီးသည်များ တင်ဆောင်ပြီးမောင်းနှင်ထွက်ပြေးသွားသောကြောင့် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးမှ တနင်္သာရီ တံတားတွင် ပိတ်ဆို့ဖမ်းဆီးခိုင်းခဲ့တယ်လို့သိရပါသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မထသ မှ မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ခရီးသည်များအား လတ်ကီးစတားယာဉ်လိုင်းဖြင့် ပြောင်းလဲတင်ဆောင် ပေးခဲ့ကြောင်းသိရသည်။

မထသမှ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းကို တိုင်း ပို့/ဆက် ဒုဦးစီးဆိုသူမှ နာရီဝက်အတွင်း အမှုအားရုပ်သိမ်းပေးရန် ဖုန်းဖြင့် ဖိအားပေး ပြောဆိုလာသည်ကိုတွေ့ရပါသည်။

လုပ်ငန်းလိုင်စင်မရှိသည့် ယာဉ်များအနေဖြင့် တရားဝင် လိုင်စင်ပြုလုပ်ကြရန် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မထသမှ ဥပဒေ ဘောင်အတွင်းဆောင်ရွက်နေမှု အပေါ် မထိမဲ့မြင် သြဇာသုံး၍ ပြောဆိုနေသော တိုင်းပို့/ဆက် ဒုဦးစီးမှူးဆိုသူအား လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

News Of Myeik
https://www.facebook.com/News-Of-Myeik
လုပ်ငန်းလိုင်စင်မရှိသည့်ခရီးသည်တင်မှန်လုံကား တချို့အားအရေးယူမှုအပေါ် ပို့/ဆက် ဒုဦးစီးမှူးဆိုသူမှ မလျော် သြဇာသုံး၍ ဖိအားပေးပြောဆို  လုပ်ငန်းလိုင်စင်မရှိသည့်ခရီးသည်တင်မှန်လုံကား တချို့အားအရေးယူမှုအပေါ် ပို့/ဆက် ဒုဦးစီးမှူးဆိုသူမှ မလျော် သြဇာသုံး၍ ဖိအားပေးပြောဆို Reviewed by THITHTOOLWIN on 16:09 Rating: 5
Powered by Blogger.