ရေလွဲများပိတ်ဆို့နေမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ကျေးရွာအချို့တွင် ရေကြီးမှုဖြစ်ပေါ်


ရန်ကုန် ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့၊ ဂူကြီးကုန်းကျေးရွာ၌ ရေလွှဲမြောင်း များပိတ်ဆို့နေမှုကြောင့် ကျေးရွာအတွင်း ရေများဝင်ရောက်ကာ ရေကြီးမှု ဖြစ်ပေါ်နေကြောင်း ဒေသခံများက China.com သို့ပြောသည်။

'' မိုးရွာတာ ဘာမှတောင်မရှိသေးဘူး။ ၁၀ မိနစ်လောက် ရွာလိုက်ရင် ပဲ ရေကတော်တော်လျှံကျနေတာ။ မိုးသည်းလေ ပိုဆိုးလေပဲ အိမ်ထဲတွေ ထိအောင် ရေတွေဝင်တယ်။ ထမင်းချက်ဖို့တောင် အဆင်မပြေတဲ့အထိအောင် ဒုက္ခရောက်ပါတယ်''ဟု ဒေသခံကိုကြည်လင်းကပြောသည်။


ထောက်ကြန့်မြို့ရှိ အဆိုပါ ရေလွှဲမြောင်းအတွင်း ဝါးကိုင်းများ၊ သစ်ကိုင်းများ ၊ ထောက်ကြန့်ဈေးမှ စွန့်ပစ်သည့် ဈေးခြင်းတောင်းများနှင့်အမှိုက်များက ရေစီးနိုင်ခြင်း မရှိအောင် ပိတ်ဆို့ထားခြင်းကြောင့် ကျေးရွာအတွင်း
ရေလျှံရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။


ရေမြောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်များသည် မြောင်းပြည့်သည် အထိရှိပြီး လူအင်အားဖြင့် ဖယ်ရှားရန် အခက်အခဲရှိပြီး စက်ပစ္စည်း အကူညီလိုအပ်နေသည်။ အဆိုပါမြောင်းသည် ယခင်က ကျယ်ဝန်း လှသော်လည်း မြောင်းဘေး၌ နေထိုင်သူများက နယ်နိမိတ် တိုးချဲ့ခြင်းကြောင့် မြောင်းဧရိယာ ကျင်းမြောင်းကာ အမှိုက်ပိတ်ဆို့ရခြင်း ဒေသခံအချို့က သုံးသပ်သည်။

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်တော်တော်များ၌ မိုးရွာသွန်းချိန် တွင် ရေစီးမြောင်း ပိတ်ဆို့မူကြောင့်လမ်းမများပေါ်သို့ ရေလျှံမူများ ပုံမှန် ဖြစ်ပေါ်လျက်ရှိသည်။

စည်သူ
china.com Myanmar
https://www.facebook.com/china.com.mm/
ရေလွဲများပိတ်ဆို့နေမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ကျေးရွာအချို့တွင် ရေကြီးမှုဖြစ်ပေါ်  ရေလွဲများပိတ်ဆို့နေမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ကျေးရွာအချို့တွင် ရေကြီးမှုဖြစ်ပေါ် Reviewed by THITHTOOLWIN on 16:18 Rating: 5
Powered by Blogger.