ဆင်ပေါင်ဝဲ မြို့နယ်တွင် နယားချောင်းရေ ကျော်တံတား ကျိုးပဲ့


ဆင်ပေါင်ဝဲ ဇွန် ၁

(၃၁- ၅ -၂၀၁၆ )ရက်နေ့တွင် ၅ နာရီမှ ၅ နာရီ ၃၀ မိနစ်အချိန်ထိ မိုးရွာ သွန်းမှုကြောင့် ဆင်ပေါင် ဝဲမြို့နယ် ကျောက်ဆောင်စမ်း ကျေးရွာအုပ်စု စည်ပင်လှကျေးရွာအနီး ဆင်ပေါင်ဝဲ - တော ညောင်ပင်သာ ကားလမ်း မိုင်တိုင်အမှတ်(၅၀) နှင့် (၅၁)အကြား ခန့်မှန်း မပည (GS- ၄၂၉၈၁၄) နယားချောင်း ရေကျော်သည် ချောင်းရေ တိုက်စားမှုကြောင့် မူလ အလျား (၁၁၀ )ပေ အနံ (၂၂)ပေရှိရာ အလျား (၂၀) ပေ အနံ (၆)ပေ ခန့်ကျိုးပဲ့ သွားခဲ့သည်။

အဆိုပါနေရာသို့ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် စည်ပင်အမှုဆောင် အရာ ရှိ ကျောက်ဆောင် စမ်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိတို့ ချက်ချင်းသွားရောက် စီမံဆောင်ရွက်ကြရာ ယာဉ်ငယ်များ ညတွင်းချင်း ဖြတ် သန်း သွားလာနိုင်ကြောင်း သိရသည်။

ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ရေးကို ယနေ့နံနက်မှ စ၍ လမ်းဦးစီးဌာနမှ သွားရောက် စီမံဆောင်ရွက် လျက်ရှိရာ ချောင်းရေများ ထပ်မံမကျလာပါက ယာဉ်ကြီးများ ယနေ့ဖြတ်သန်း သွားလာနိုင်မည် ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဆင်ပေါင်ဝဲ မြို့နယ်တွင် နယားချောင်းရေ ကျော်တံတား ကျိုးပဲ့  ဆင်ပေါင်ဝဲ မြို့နယ်တွင် နယားချောင်းရေ ကျော်တံတား ကျိုးပဲ့ Reviewed by THITHTOOLWIN on 16:05 Rating: 5
Powered by Blogger.