နေပြည်တော်၊ ဇွန် ၂၇
၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မြိုင်-ဗဟင်းကားလမ်း မိုင်တိုင်အမှတ်(၅/၅-၆)ကြား၊ ဘောင့်ဘင်ရွာအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။
မြိုင်မြို့ဘက်မှ ဆိတ်ချေး ရွာဘက်သို့ မြိုင်မြို့နယ်၊ ပျားသံကိုင်းရွာနေ မင်းမင်းဇော်(၂၂)နှစ်မောင်းနှင်လာသော ၇ဌ/×××× (၆)ဘီးအပြာရောင်ထော်လာဂျီယာဉ်သည် ခရီးသည်(၂၂)ဦးနှင့် ကုန်ပစ္စည်းများတင်ဆောင်မောင်းနှင် လာစဉ် လမ်းချော်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ယာဉ်တိမ်မှောက်မှုကြောင့် ဆိတ်ချေးရွာနေ ဒေါ်ရွှေဥ(၄၀)နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ပျားသံကိုင်းကျေးရွာနေ မသန်းမော် (၃၀)နှစ် ပါ(၁၅)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်။
ယာဉ်မောင်း မင်းမင်းဇော်အား ဗဟင်းနယ်မြေရဲစခန်း ယာဉ်(ပ)၅/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
သစ်ထူးလွင်
မြိုင်-ဗဟင်းကားလမ်းမှာ ထော်လာဂျီယာဉ် တိမ်းမှောက် (၁)ဦးသေဆုံး၊ (၁၅)ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
06:20
Rating: