ဇွန် ၎
ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်း ဆောင်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး ယနေ့နံနက်ပိုင်းက ကြိုးဆွဲချသေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ရဲတပ်ကြပ်ကြီးအောင်သိန်းဖြစ်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ကွန်ပြူတာဌာနစိတ်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရသည်။
``ကိုယ်ရေးကိုယ်တာအခက်အခဲတွေရှိလို့ ထွက်ပေါက်ရှာသွားတာလို့ ထင်ပါတယ်။လုပ်ငန်းခွင်မှာတော့ ပြသနာမရှိဘူး´´ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးမှုပထမတန်းဒုတိယရဲမှုးကြီးမျိုးသူရနောင်က ပြောသည်။
ပြည်နယ်ရုံးအတွင်းရှိ ၄င်း၏အိပ်ဆောင်အတွင်းတွင် မိမိကိုယ်ကို သတ်သေသွားခြင်းဖြစ်ကြောင်း သိရသည်။
သေသူမှာ လုပ်သက် ၁၈ နှစ်ခန့်ရှိပြီဖြစ်ကာ ကိုယ်ပိုင်အမှတ် လ/၁၉၀၂၄၆ ဟုသိရပြီး အသက် ၃၈ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
ကချင်ပြည်နယ် ရဲတပ်ကြပ်ကြီးတစ်ဦး ကြိုးဆွဲချသေဆုံး
Reviewed by THITHTOOLWIN
on
16:48
Rating: