ဇွန်လ ၄ ရက် ၂၀၁၆
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့ မြို့မရဲစခန်းမှ ရဲတပ်သားစစ်နိုင် နှင့် သူငယ်ချင်း ၂ဦးသည် ဇွန်လ (၃)ရက်နေ့ ည (၁၀)နာရီခွဲခန့် က အရပ်ဝတ်နှင့် အပြင်ခဏထွက်လာရာ ဈေး၂ ရပ်ကွက် ၁၁ လမ်းထိပ်တွင် အရက်သေစာ သောက်စားမူးရစ်ပြီး ရန်ကုန်-ပြည် ကားလမ်းမတွင် ဖြတ်သန်းသွား လာနေသော ကားများအား အော်ဆဲနေသူ ကောင်းကျော်ကျော်ထွန်းအား တားမြစ်ရာမှ စကားများရန်ဖြစ်ကြစဉ် ရဲတပ်သားစစ်နိုင် ကပ်ကြေးဖြင့် ထိုးသတ်ခံခဲ့ရသည်။
အဆိုပါ အချင်းများ စကားများပြီး ရန်ဖြစ်နေစဉ်မှာ ကောင်းကျော်ကျော်ထွန်း၊ ဖခင် ထွန်းသန်းဦး နှင့် ဦးလေးတော်စပ်သူ ဇော်နိုင်ထွန်း တို့ ရောက်လာပြီး ရဲတပ်သားစစ်နိုင်နှင့် လုံးထွေ သတ်ပုတ်ကြရာ တပ်သား စစ်နိုင် တွင် ကပ်ကြေးဖြင့် လည်ပင်းထိုးသွင်းဒဏ်ရာ၊ ဘယ်ဘက် နို့အုံထိုး နံကြား ထိုးသွင်းဒဏ်ရာတို့ ရရှိခဲ့ပြီး ရရှိသော ဒဏ်ရာများဖြင့် သေဆုံးခဲ့ပါသည်။
သေဆုံးသွားသည့် ရဲတပ်သား စစ်နိုင်၏ အမျိုးသမီးမှာ ကိုယ်ဝန် ၆လဖြင့် ကျန်ရစ်ခဲ့ပါသည်။ လူသတ်မှုနှင့် ပတ်သက်၍ ကပ်ကြေးဖြင့် ထိုးသတ်ခဲ့သူ ထွန်းသန်းဦး၊ ဇော်နိုင်ထွန်းနှင့် ကောင်းကျော်ကျော်ထွန်းတို့ သုံး ၃ ဦးကို သက်သေခံနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်ထားကြောင်း သိရပါသည်။
သစ်ထူးလွင်
ပေါင်းတည်မြို့မှာ ရဲတပ်သားတစ်ဦး ကပ်ကြေးဖြင့် ထိုးသတ်ခံခဲ့ရ
Reviewed by THITHTOOLWIN
on
17:22
Rating: