နေပြည်တော် ဒိက္ခိဏသီရိရပ်ကွပ် ရွှေနှင်းဆီလမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွား


နေပြည်တော်၊ ဇွန် ၃

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏ သီရိရပ်ကွက်၊ ရတီလမ်းနှင့် ရွှေနှင်းဆီ လမ်းဆုံတွင် ယနေ့နံနက်(၉)နာရီက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ ရတီလမ်းအတိုင်း ဒက္ခိဏသီရိရပ်ကွက်နေသူ ယာဉ်မောင်း ဦးကျော်စွာမြင့် (၄၁)နှစ် (ဘ)ဦးစိန်မြင့် သည် တောင်မှ မြောက် သို့ မောင်းနှင်လာသော 7H/ - - - - - TOYOTA Landcruiser PRADO ခဲရောင်ယာဉ်နှင့် ရွှေနှင်းဆီလမ်းအတိုင်း အရှေ့မှ အနောက် သို့ မောင်းနှင် လာသော ယာဉ်မောင်းဦးဝင်းထိန် (၆၆)နှစ်၊ (ဘ)ဦးသန်း ဒက္ခိဏသီရိ ရပ်ကွက်နေသူမောင်းနှင်လာသည့် 3F/ - - - - - -Honda Fit ခဲရောင်ယာဉ် တို့သည် အရှိပြင်းစွာ မောင်းနှင်လာမှုကြောင့် လမ်းဆုံတွင်ယာဉ်တိုက်မှုဖြစ် ပွားရာ ယာဉ်မောင်း ဦးကျော်စွာမြင့် တွင် ၀ဲဘက်ဒူးပွန်းနာကျင် ဒဏ်ရာ (မစိုးရိမ်ရ)၊ ယာဉ်မောင်း ဦးဝင်းထိန် သည် ဦးခေါင်း ယာဘက် ဂျိုစောင်း ပေါက်ပြဲ၊ ယာဘက်တံတောင်/ လက်ဖျန်ရိုးဖူးရောင်နာကျင် (မစိုးရိမ်ရ)ဒဏ်ရာများရရှိရာ နေပြည်တော်ခုတင် (၁၀၀၀)ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင် ၍ ဆေးကုသမှုခံယူစေပြီး ဒက္ခိဏသီရိမြို့မရဲစခန်းမှ အဆိုပါ ယာဉ်မောင်း(၂)ဦးအား ယာဉ်(ပ) ၂၄/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



နေပြည်တော် ဒိက္ခိဏသီရိရပ်ကွပ် ရွှေနှင်းဆီလမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွား  နေပြည်တော် ဒိက္ခိဏသီရိရပ်ကွပ် ရွှေနှင်းဆီလမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:58 Rating: 5
Powered by Blogger.