နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှ ၁၉ နိုင်ငံမှာ တာဝန်ယူထးတဲ့ မြန်မာနိုင်ငံ သံအမတ်တွေကို လာမယ့်ဇွန်လ ၁၄ရက်နေ့ နေပြည်တော်မှာခေါ်ယူတွေ့ဆုံပြီး မြန်မာ နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ရှင်းလင်းသွားမှာဖြစ်ပါတယ်။
သံအမတ်တွေဖက်ကလည်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြန်လည်တင်ပြနိုင်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး က ပြောပါတယ်။
နိုင်ငံပေါင်း ၅၀နီးပါးမှာ မြန်မာနိုင်ငံဆိုင်ရာသံရုံးတွေထားရှိထားပြီး သံတမန်ဦးရေလည်း ၅၀ နီးပါး ရှိပါတယ်။
လက်ရှိမှာ ဘက်ဂျက်အခြေအနေအရ အာရှနိုင်ငံက သံတမန်တွေကိုပဲ ခေါ်ယူနိုင်ပြီး လာမယ့် နှစ်လည်လောက်မှာ ဥရောပနိုင်ငံတွေက မြန်မာသံအမတ်တွေနဲ့လည်း တွေ့ဆုံသွားမယ်လို့ ဒေါ်အေးအေးစိုး က ပြောပါတယ်။
အရင်အစိုးရအဆက်ဆက်မှာ နိုင်ငံခြားရေးဝန်ကြီးတွေက သံတမန်တွေကို ပြည်တွင်းကိုခေါ်ယူပြီး တွေ့ဆုံဆွေးနွေးမှုတွေ မရှိခဲ့ဖူးပါဘူး။
RFA Burmese
https://www.facebook.com/rfaburmese
အာရှ ၁၉ နိုင်ငံက သံအမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမည်
Reviewed by THITHTOOLWIN
on
19:12
Rating: