( နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ကို ဇွန်လ ၁ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွေ တွေ့ရစဉ် ) Photo: Min Thein Aung/ RFA |
ဒီနေ့ စစ်တွေမြို့မှာ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး နဲ့ ဖံွ့ဖြိုးမှုတိုးတက်ရေး အကောင်အထည် ဖော်မှု ကော်မတီအဖွဲ့ဝင် ဝန်ကြီးတွေဟာ မြို့ခံတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ ဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ရဲအောင်က ပြောခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ရခိုင်ပြည်နယ်အရေးကိစ္စကို အလေးထား ဆောင်ရွက်နေတယ်လို့ ၀န်ကြီးတွေက တွေ့ဆုံပွဲမှာ ပြောပါတယ်။
လူ့အဖွဲ့အစည်းတွေအကြား ဘာသာရေး၊ ဓလေ့ထုံးတမ်းစဉ်လာတွေကိုလည်း အပြန်အလှန် ယုံကြည်လေးစားကြဖို့ နဲ့ ဘာသာရေးကို ခုတုံးမလုပ်ကြဖို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ပြောခဲ့ပါတယ်။
နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကိုလည်း ၁၉၈၂ ခုနှစ် ဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
မနေ့က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖံွ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းလိုက်ပြီး ဒီကနေ့ စစ်တွေမြို့ကို ရောက်ရှိပြီး မြို့ခံတွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ရခိုင်ပြည်နယ်အတွက် ငွေကျပ်သိန်းပေါင်း ၇သောင်းကျော် အသုံးပြုသွားမည်
Reviewed by THITHTOOLWIN
on
19:44
Rating: