3June 2016
ထိုင်း နိုင်ငံ စင်ဘူရီခရိုင် ဖရုံမြို့နယ် နမ်ခရို ရက်ကွက် က အိန္ဒိယပိုင် Lucky's Spining ချည်လုံးစက်ရုံ ၂ရုံမှာ အလုပ်လုပ်ကိုင် နေကြတဲ့ ထိုင်းနဲ့  မြန်မာအလုပ်သမားများ စုစုပေါင်း ၁၂၇၀ အတွင်းမှာ အလုပ်သမား (၇၀၀)ကျော်ကို အကြောင်းတစုံတရာမရှိဘဲ အလုပ်ဖြုတ်ခံခဲ့ရကြောင်း သိရပါတယ်။
မေလ ၃၁ရက်နေ့မနက်ပိုင်း လုပ်ငန်ခွင်မှာ အလုပ်သမားတွေကို ပန်းရောင် ကက်ပြားတွေံလိုက်ဝေပါတယ်။ ပန်းရောင်ကူပွန်ရရှိတဲ့အလုပ်သမားတွေ နောက်နေကနေစပြီးအလုပ်ဆင်းစရာ မလိုတော့ကြောင်း အသံချဲ့စက်ဖြင့်ကြေငြာ လိုက်ခဲ့တယ်လို့  သိရပါတယ်။
ပန်းရောင်ကပ်ပြား ရလို့  အလုပ်ထွက်ရမယ့်သူတွေ ၇၁၆ ယောက်မှာ မြန်မာ နိုင်ငံက လာရောက် အလုပ်လုပ်ကိုင်သူတွေ ၁၀၀ ကျော်ပါဝင်နေပါတယ်။
အလုပ်ထုတ်ခံရအလုပ်သမား တွေ အချင်းချင်းတစ်ဦးနဲ့တစ်ဦးဖက်ငိုနေ ၀မ်းနကြတာတွေကို ထိုင်း သတင်းတွေမှာပြသခဲ့ပြီး ယခုလို ကြိုတင် အကြောင်းကြားထားခြင်းမရှိပဲ ရုတ်တရက်အလုပ်ထုတ်ခံ ရတာကြောင့် မကြေနပ်တဲ့ အလုပ်သမားတွေဟာ စက်ရုံရှေ့ က ဘယ်မှမသွားကြဘဲ ဆန္ဒပြနေကြကြောင်း၊ ထုတ်ခံရအလုပ်သမားများလည်း အများအားဖြင့် ဆင်းရဲကြပ် တည်းသူတွေနှင့် အသက်အရွယ်ကြီးသူတွေပါဝင်ပါတယ်။
ကုမ္ပဏီအနေနဲ့  ငွေရေးကြေးရေးအဆင်မပြေ အရူံးပေါ်လာရာကနေ အလုပ်သမားလစာတွေ မပေးနိုင်ဖြစ်ပြီး အလုပ်သမားတွေ အလုပ်ထုတ် ရခြင်းဖြစ်ပါတယ်။
နောက်ပိုင်းမှာ အလုပ်ထုတ်ခံရအလုပ်သမားတွေအတွက် ကုမ္ပဏီကနေ ၁လစာနစ်နာကြေးပေးမယ်လို့အကြောင်းပြန်ခဲ့ပြီး၊ ဘယ်နေ့ဘက်ရက်ပေးမလဲဆိုတာကိုအတိအကျမပြောတဲ့အတွက် အတွက် အလုပ်ထုတ်ခံရအလုပ်သမားတွေ စက်ရုံရှေ့မှာဆက်လက် စုရုံးဆန္ဒပြမှုပြုနေကြတာ ည ၁၀နာရီအချိန်မှ စက်ရုံတာဝန်ရှိသူတွေက နစ်နာကြေးအမြန်ဆုံးထုတ်ပေးမယ်လို့  ၀န်ခံကတိပေးလိုက်တဲ့အတွက်အလုပ်သမားများ လူစုခွဲခဲ့ကြကြောင်း သိရပါတယ်။
phanyloveue
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ထိုင်းနိုင်ငံ အိန္ဒိယ နိုင်ငံသားပိုင်း စက်ရုံမှာ ထိုင်း-မြန်မာ အလုပ်သမား ၇၀၀ ကျော် အလုပ်ဖြုတ်ခံရ
Reviewed by THITHTOOLWIN
on
19:28
Rating: