(တောင်ကြီး၊ ဇွန် ၂၂ )
၂၀၁၆ခုနှစ်အတွင်း ရှမ်းပြည်နယ်ထွက် အရည်အသွေးကောင်း အော်ဂဲနစ်လက်ဖက်ခြောက်များကို ဂျာမဏီ နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ပြီး ထိုသို့တင်ပို့သွားနိုင်ရန်အတွက်လည်း လက်ဖက်လုပ်ငန်းရှင်များအစုအဖွဲ့အ နေဖြင့် အဆင်သင့်စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့ စီးကျအင်းကျေးရွာ လက်ဖက်လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။
ထိုသို့တင်ပို့နိုင်ရန် လဖက်စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့် ဓာတုကင်းလွတ်သီးနှံတစ်ခုဖြစ်ရန် အော်ဂဲနစ်စိုက်ပျိုးနည်းစနစ် Organic Farming ဖြင့်ကြိုးပမ်းခဲ့ရပြီး အဆိုပါလက်ဖက်ခြောက်များကို ပင်းတ ယမြို့နယ် Green Tea စံပြစက်ရုံမှထုတ်လုပ်၍ ၂၀၁၆ခုနှစ်အတွင်း တန်ချိန် ၁.၅တန်ကိုတင်ပို့သွားမည် ဖြစ်သည်။
အဆိုပါလက်ဖက်ခြောက်စက်ရုံမှ တစ်လလျှင် လဖက်ခြောက်ပိဿာချိန် ၂၅၀ကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ဂျာမဏီသို့ တစ်ပိဿာလျှင် မြန်မာငွေကျပ် တစ်သောင်းငါးထောင်ဖြင့် ရောင်းချသွားမည်ဖြစ်ကာ လက်ရှိ ဒေသတွင်း လက်ဖက်ခြောက်ပေါက်ဈေးမှာ အမျိုးအစားပေါ်မှုတည်၍ တစ်ပိဿာကျပ် ၃၀၀၀မှကျပ် ၆၀၀၀ အထိရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်ထွက် အော်ဂဲနစ်လက်ဖက်ခြောက်ကို ဂျာမဏီနိုင်ငံက၀ယ်ယူရန် ဖေဖေါ်ဝါရီလအတွင်းကပင် လာရောက်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့အရည်အသွေးမြင့် လက်ဖက်ခြောက်များထုတ်လုပ်နိုင်ရန် လိုအပ်သည့်နည်းပညာများကို ဂျာမဏီအခြေပြု GIZ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့အစည်းမှ လက်ဖက် စိုက်တောင်သူများအား ထောက်ပံ့ကူညီပေးခဲ့ကြောင်း၊ ဇူလိုင်လအတွင်း လာရောက်ဝယ်ယူမည့် ဂျာမဏီိ နိုင်ငံမှလုပ်ငန်းရှင်များနှင့် စာချုပ်ချုပ်ဆိုရန်အတွက်လည်း အဆိုပါအဖွဲ့မှပင် ကြီးမှူးဆွေးနွေးလျှက်ရှိ ကြောင်းသိရသည်။
လက်ရှိ အဆိုပါ GIZ အဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် ရှမ်းပြည်နယ်အတွင်းလက်ဖက်ခြောက်ထုတ်လုပ်သည့်စက်ရုံ ခုနှစ်ရုံကို ထပ်မံတည်ဆောက်လျှက်ရှိကာ ရှမ်းပြည်နယ်နှင့် အခြားဒေသများအပါအ၀င် မြန်မာနိုင်ငံအတွင်း လဖက်စိုက်ဧကပေါင်း ရှစ်သိန်းခန့်နှင့် လဖက်ခြောက်ထုတ်လုပ်သည့်စက်ရုံပေါင်း ၁၀၀ကျော်ရှိကြောင်း အ ဆိုပါလက်ဖက်လုပ်ငန်းရှင်မှပြောပြသည်။
မီဆိုင်းရာ
ကမ္ဘောဇတိုင်းသတင်းဂျာနယ်
https://www.facebook.com/kanbawzatai
ရှမ်းပြည်နယ်ထွက် အော်ဂဲနစ်လက်ဖက်ခြောက် ဂျာမဏီက၀ယ်မည်
Reviewed by THITHTOOLWIN
on
21:25
Rating: