ရခိုင်ပြည်နယ် အမ်းမြို့ မဲတောင် ၁၀ မိုင် ၂ဖာလုံမှာ ဇွန်လ (၁)ရက်နေ့ က ယာဉ်မောင်း ဦးချစ်ကို မောင်းနှင်သော 1B 6916 ကုန်ကားဟာ အရှိန်မထိန်းနိုင်ဘဲ ပေ၁၀၀ခန့်ရှိ ချောက်အတွင်းထိုးကျခဲ့ ကြောင်း သတင်းရရှိပါတယ်။
အဆိုပါ ကုန်ကား ယာဉ်မောင်းမှာ ကားခေါင်းအတွင်းပိပြီး သေဆုံးခဲ့ပါတယ်။ ယာဉ်နောက်လိုက်ကိုလည်း တိုင်းစစ်ဆေးရုံမှာ ကုသနေရပါတယ်။ အမ်းမီးသတ်အဖွဲ့မှ ဦးစီးအရာရှိပါ ၆ ဦး သွားရောက် ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ပြီး ယာဉ်မောင်း ဖြစ်သူရဲ့ ရုပ်အလောင်းကို ညနေ (၃)နာရီ ခန့် မှာ ရရှိခဲ့ပါတယ်။
Tone Tone
အမ်းမြို့ မဲတောင်မှာ ကုန်ကား ချောက်ထဲထိုးကျ ယာဉ်မောင်း ကားခေါင်းပိ သေဆုံး
Reviewed by THITHTOOLWIN
on
08:51
Rating: