ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မိုးကြီးပြီး ရေတိုက်စားမှုကြောင့် ပျက်ဆီးသွားသော လူနေအိမ်တချို့ကို တွေ့ရစဉ်။ Photo: Layang Tuhkawng/ Facebook |
အိမ်ထောင်စု သုံးဆယ်ကျော်ဟာ ကုဋေမှော် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်လို့ အဲ့ဒီနေရာကိုသွားရောက်ခဲ့တဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
ဖားကန့်ဒေသမှာ မိုးရွာတဲ့အခါ ရေကြီးပြီး မြေပြိုတာတွေကြောင့် သေဆုံးသူ ရှိပါတယ်။
ကျောက်တူးဖော်ရေး ကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ အလွန်အကျွံတူးဖော်ပြီး စွန့်ပစ်မြေစာ တွေကြောင့် မိုးရွာတဲ့အခါ ရေစီးကြောင်းတွေဟာ မူလချောင်းတွေ အတိုင်း မစီးနိုင်တော့ပဲ လူနေအိမ်ခြေတွေကို ဝင်ရောက်တိုက်စားမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အလားတူ မိုးညှင်းမြို့နဲ့ မိုးကောင်းမြို့တွေက ရပ်ကွက်တချို့မှာလည်း မိုးကြီးပြီး ရေနစ်မြုပ်မှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ နဲ့ မေလအတွင်း ကချင်ပြည်နယ်မှာ မိုးကြီးတာကြောင့် ပူတာအို၊ ဆော့လော်၊ ဗန်းမော်စတဲ့မြို့နယ်တွေမှာလည်း လူနေအိမ်တွေနဲ့ စိုက်ပျိုးမြေတွေ ဆုံးရှုံးခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
မိုးကြီးပြီး ရေတိုက်စားမှုကြောင့် ဖားကန့်မှာ အိမ်အလုံး ၃၀ ကျော် ပျက်စီး
Reviewed by THITHTOOLWIN
on
20:53
Rating: