ထွန်းတောက် မှန်လုံခရီးသည်တင်ယာဉ် တယ်လီဖုန်းတိုင်နှင့် တမာပင်အား ဝင်တိုက်မှုဖြစ်ပွား

ထွန်းတောက်မှန်လုံခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ယင်းမာ ပင်မြို့မဈေးလမ်းဘေးရှိ တယ်လီဖုန်းတိုင်နှင့်တမာပင်အား ဝင်တိုက်မှုဖြစ်ပွား
ယင်းမာပင်၊ ဇွန် ၎

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ တွင် ဇွန် ၃ ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်အချိန်၌ တမူးမှ မန္တလေး သို့ ယာဉ်မောင်း နိုဘယ်ပိုင်စိုး မောင်းနှင်လာသောခရီးသည် (၁၃)ဦးခန့်တင်ဆောင်ကာ ယာဉ်အမှတ် 3C/----ထွန်းတောက်မှန်လုံယာဉ် ဖူဆိုအမျိုးအစား သည် ပုလဲ-မုံရွာကားလမ်းအတိုင်း တောင်မှ မြောက်သို့မောင်းနှင်လာပြီး ယင်းမာပင်မြို့တွင်းဈေးအနီးအရောက် မိုင်တိုင်အမှတ် ၁၇/၁အနီး၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ရှိ တယ်လီဖုန်းတိုင်နှင့် တမာပင် အားဝင်ရောက်တိုက်မိပြီး ခရီးသည်များ တစ်ဦးတစ်ယောက်မှ ဒဏ်ရာရ ရှိခြင်းမရှိဘဲ ယာဉ်၏ခေါင်းပိုင်းကြေမွပျက်စီးကာ ရပ်တန့်သွား ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ယင်းမာပင်မြို့မစခန်းမှူး ဒုရဲမှူး အောင်ကျော်ထူးနှင့် တပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးပြီး ယာဉ်မဆင် မခြင်မောင်းနှင်သော ယဉ်မောင်း နိုဘယ်ပိုင်စိုး(၂၅)နှစ်၊(ဘ) ဦးအောင်သန်းဝင်း ဈေးတန်း(၈)ရပ်ကွက်၊ တမူးမြို့နေသူ အား အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

ထွန်းကိုကို(ယင်းမာပင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ထွန်းတောက် မှန်လုံခရီးသည်တင်ယာဉ် တယ်လီဖုန်းတိုင်နှင့် တမာပင်အား ဝင်တိုက်မှုဖြစ်ပွား  ထွန်းတောက် မှန်လုံခရီးသည်တင်ယာဉ် တယ်လီဖုန်းတိုင်နှင့် တမာပင်အား ဝင်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 15:27 Rating: 5
Powered by Blogger.