ပိုးရွှီပြင်ကျေးရွာ အ-ထ-ကကျောင်းမှ ကျောင်းသား ၃၀ ကျော်တင်ဆောင်လာသည့် လှေနစ်မြုပ်ကာ ကျောင်း သား(၇)ဦးပျောက်ဆုံး

ဓါတ်ပုံ - ပျောက်ဆုံးကျောင်းသားများအား ရှာဖွေနေကြစဉ်
ဇွန် ၁ /DNJ

ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင် အထကကျောင်းမှကျောင်းသားများစီးနင်းလားသည့် လှေတိမ်းမှောက်ရာမှ ကျောင်းသား (၇) ဦးခန့်ပျောက်ဆုံးနေကြောင်းသတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ပိုးရွှီပြင်ကျေးရွာရှိ အထကကျောင်းသို့ ကျောင်းတက်ရန်ရောက်ရှိလာသည့် ကျောင်းသား ၃၅ ဦးခန့်မှာ ဇွန်လ ၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က ပိုးရွှီပြင်ကျေးရွာမှဂန့်ဂါကျေးရွာသို့ ကူးတို့စက်လှေဖြင့်ကူးကြရာ လှေနစ်မှုဖြစ်ပွားသဖြင့်ကျောင်းသူ (၆)ဦးနှင့် ကျောင်းသား(၁)ဦးစုစုပေါင်း (၇)ဦးခန့်ပျောက်ဆုံးနေကြောင်းပိုးရွှီပြင်ရဲစခန်းမှသိရသည်။

“ကူးတို့က လူအများတင်လိုက်တယ်။ လောင်းကလဲပေါက်တယ်လို့ပြောတယ်။ မြစ်လယ်လောက်မှာ နစ်သွားတယ်။ အခုအချိန်ထိတော့ ပျောက်သွားတဲ့ကလေးငယ်တွေကို ရှာမတွေ့သေးပါဘူး။ ဝိုင်းဝန်းပြီး တော့ရှာနေကြပါတယ်။ ကလေးတွေကတော့ ရခိုင်ဂန့်ဂါကျေးရွာက ကလေးတွေဖြစ်တယ်။”ဟု ပိုးရွှီပြင် အထက ကျောင်းမှ ဆရာတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ နေ့လည်ဘက် မုန့်စားချိန်တွင်ဖြစ်ပွားခြင်းဖြစ်ကာ ပျောက်ဆုံးမှုအတွင်းသတ္တမတန်း(၃) ဦး၊အဌမတန်း(၃) ဦးနှင့် နဝမတန်း (၁)ဦးခန့်ပါဝင်ပြီး လှေနစ်မှုဖြစ်စဉ်ကြောင့်နီးစပ်ရာကျေးရွာများမှ ဒေသခံများ၏ကူညီဆယ်ယူမှုဖြင့် ကျောင်းသား ၂၈ ဦးမှာလွတ်မြောက်လာခဲ့သော်လည်း ကျောင်းသား(၇) ဦးပျောက် ဆုံးနေသည့်အတွက် လှေမောင်းနှင်သူအား သက်ဆိုင်ရာရဲစခန်း၌ထိမ်းသိမ်းထားရှိပြီး ပျောက်ဆုံးနေသည့် ကလေးငယ်များအား တာဝန်ရှိသူနှင့် ဒေသခံများစုပေါင်းရှာဖွေလျက်ရှိပြီး ယခုအချိန်ထိ တစ်စုံတစ်ရာရှာဖွေတွေ့ရှိမှုမရှိသေးကြောင်းလည်းသိရသည်။

Development Media Group
https://www.facebook.com/DevelopmentNJ/
ပိုးရွှီပြင်ကျေးရွာ အ-ထ-ကကျောင်းမှ ကျောင်းသား ၃၀ ကျော်တင်ဆောင်လာသည့် လှေနစ်မြုပ်ကာ ကျောင်း သား(၇)ဦးပျောက်ဆုံး  ပိုးရွှီပြင်ကျေးရွာ အ-ထ-ကကျောင်းမှ ကျောင်းသား ၃၀ ကျော်တင်ဆောင်လာသည့် လှေနစ်မြုပ်ကာ ကျောင်း သား(၇)ဦးပျောက်ဆုံး Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.