ထိုင်း-မြန်မာ နယ်ခြားသောင်းရင်းမြစ် ရေတိုက်စားမှုကို ကာကွယ်နိုင်ရေး အစီအစဉ်တွေအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် မြ၀တီကို လျှပ်တပြက် ရောက်ရှိလာတဲ့ ခရီးစဉ်ကို ထိုင်းနဲ့မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ မြန်မာမီဒီယာသမားတွေ မသိလိုက်ကြ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။
နန်းခင်ထွေးမြင့် နယ်ခြားသောင်ရင်းမြစ်နဲ့ချစ်ကြည်ရေးတံတားကို ဇွန်လ (၄)ရက်နေ့  မနေ့မနက် ၆ နာရီခွဲကနေ ၈ နာရီခွဲထိ လာရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီခရီးစဉ်က သောင်းရင်းမြစ် မြန်မာဘက်ခြမ်းမှာ ရေတိုက်စားနေတဲ့နေရာတွေမှာ ကမ်းထိန်းနံရံတွေ တည်ဆောက်နိုင်ရေး အစီအစဉ်တွေ ပါရှိတယ်လို့ သိရှိရပါတယ်။
မြ၀တီမြို့ ခံ ကိုညီ ကတော့ " ၀န်ကြီးချုပ် ဒီလိုလာတာကောင်းတယ် ဘယ်သူမှ မလုပ်မရှုပ်တော့ဘူး လုံးဝကြို ဆိုတယ် ဒီလိုဖြစ်ရမှာကကြာပြီး လက်ရှိပြည်နယ် ၀န်ကြီးချုပ်ကိုတော့ ကိုတော့ လေးစားသွားပြီးဗျာ " ဟု ပြောဆိုသည်။
ပြည်သူတွေက ရှိတယ်လို့တောင်မထင်ရတဲ့ အစိုးရက အကောင်းဆုံးအစိုးရဖြစ်တယ်လို့လည်း ကိုညီ က ဖြည့်စွက် ပြောဆိုပါတယ်။
ကမ်းထိန်းနံရံ တည်ဆောက်မဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ်ရဲ့  ခရီးစဉ်နှင့်ပတ်သက်ပြီး ထိုင်းဘက်ကလည်း စိတ်ဝင်တစားနဲ့ လေ့လာစောင့်ကြည့်နေတယ်ဆိုပြီး ထိုင်းဘက်ကလာတဲ့သတင်းတွေအရ သိရှိရပါတယ်။
ပုံစာ - ယမန်နေ့နံနက်ကတွေ့ရသည့် နန်းခင်ထွေးမြင့်၏ လျှပ်တပြက်ခရီးစဉ်။ ဓာတ်ပုံ - Khin Mg zaw
သတင်း - ကရင်အမျိုးသား မီဒီယာ
နယ်စပ်မီဒီယာသမားများ မသိလိုက်တဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ လျှပ်တပြက် မြ၀တီခရီးစဉ်
Reviewed by THITHTOOLWIN
on
21:49
Rating:
![နယ်စပ်မီဒီယာသမားများ မသိလိုက်တဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ လျှပ်တပြက် မြ၀တီခရီးစဉ်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF1u4sQjs3PEB4G8JPgn5HR4hSkh-1yXzavbYXkIuilzSqviSoOnyYJ9EmwF9PzpKG-4FrRNqwRF3MjCmrPGdTsNAJ1ojHXcBKsgZxS4h6M3PpDYrrh-BXzeLtOee_ZReTJII5a36IE-Ue/s72-c/11.jpg)