တာလတ်ပစ် ဒုံးကျဉ် ၂ ခုကို မြောက်ကိုရီးယား စမ်းသပ်ခဲ့

၂၀၁၂ ခုနှစ်တုန်းက ပစ်လွတ်စမ်းသပ်ခဲ့စဉ် (Credit: AFP) 
တောင်ကိုရီးယား ​အစိုးရရဲ့ ​အဆိုအရ မြောက်ကိုရီးယား ​နိုင်ငံက ​တာလတ်ပစ် ​ဒုံးကျဉ် ​နှစ်ခုကို ​ပစ်လွတ်စမ်းသပ်ခဲ့ပြီး ​တခုက အောင်မြင်မှု ​မရှိခဲ့ဘူးလို့ ​ဆိုပါတယ်။

ပထမ ​စမ်းသပ်မှုကတော့ ​ပင်လယ်ထဲ ​ပျက်ကျသွားခဲ့ပေမယ့် ​ဒုတိယ ​စမ်းသပ်မှုကတော့ ​ဂျပန်နိုင်ငံ ​ပင်လယ်ထဲ ​ကျရောက်သွားခဲ့ပါတယ်။

ဒုတိယအကြိမ်ပစ်လွတ်ရာကနေ အောင်မြင်မှု ​ရသွားတာကတော့ မြောက်ကိုရီးယားအတွက် ​အားတက်စရာ ဖြစ်ပေမယ့် ​အမေရိကန် ​အစိုးရ၊ တောင်ကိုရီးယားနဲ့ ​ဂျပန် ​အစိုးရတို့ကတော့ ​အမျက်ဒေါသ ​ထွက်နေကြပါတယ်။

အဲဒီ ​ဒုံးကျဉ်အမျိုးအစားဟာ ​Guam ​မှာ ​အခြေစိုက်တဲ့ ​အမေရိကန် ​စစ်စခန်းအထိ ရောက်နိုင်တဲ့ ​လက်နက် ဖြစ်ပါတယ်။

ဒီမနက်မှာ ​စမ်းသပ်ပစ်လွတ်လိုက်တဲ့ မြောက်ကိုရီးယားရဲ့ ​လုပ်ရပ်ဟာ ​ကုလသမဂ္ဂ ​လုံခြုံရေး ကောင်စီရဲ့ ​ဆုံးဖြတ်ချက်ကို ​ဆန့်ကျင်ရာ ရောက်တယ်လို့လည်း ဝေဖန်လိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
တာလတ်ပစ် ဒုံးကျဉ် ၂ ခုကို မြောက်ကိုရီးယား စမ်းသပ်ခဲ့  တာလတ်ပစ် ဒုံးကျဉ် ၂ ခုကို မြောက်ကိုရီးယား စမ်းသပ်ခဲ့ Reviewed by THITHTOOLWIN on 16:28 Rating: 5
Powered by Blogger.