ရန်ကုန် ဇွန် ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် အိန္ဒိယသမ္မတနိုင်ငံ ပို့ဘလဲယား မြို့ Open Distress Camps ၌ ထိန်းသိမ်း ထားသော မြန်မာရေလုပ်သားများအား အမျိုးသား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ လေယာဉ် ခရီးစရိတ်အကုန်အကျခံကာ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်း လိုင်းစင်းလုံး ငှားလေ ယာဉ်ဖြင့် ခေါ်ယူလျက်ရှိသည်။
မေ ၃၁ ရက်နေ့တွင် မြန်မာရေလုပ်သား ၁၂၉ ဦးအား ပြန်လည်ခေါ်ယူခဲ့ပြီး ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဒုတိယ အသုတ်အဖြစ် ကျန်ရှိနေသော မြန်မာ ရေလုပ်သား ၁၂၀ ဦးကို ပြန်လည်ခေါ်ယူခဲ့ရာ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ညနေပိုင်းတွင် ရောက်ရှိ ကြသည်။
ယနေ့ ထပ်မံရောက်ရှိလာသည့် မြန်မာရေလုပ်သားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၊ မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းဒေ သကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့မှတာဝန်ရှိသူများက ကြိုဆိုကြပြီး အားပေးစကား ပြောကြားကာ အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းများကို ပေးအပ်ကြပြီး ရွှေ့ပြောင်းသွားလာရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းက ခရီးစရိတ် အဖြစ်ငွေကျပ် နှစ်သောင်းခွဲ ထောက်ပံ့ပေးအပ်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နေရပ်ဒေသ အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင် ပေးကြ သည်။
မြန်မာနိုင်ငံသို့ ဒုတိယအသုတ် ပြန်လည်ရောက်ရှိ လာသည့် မြန်မာရေ လုပ်သား ၁၂၀ ဦးနှင့် နောက်ထပ် ၁၃ ဦး အပါအဝင် ၁၃၃ဦးတွင် ဧရာဝတီတိုင်းဒေသကြီးမှ ၁၂၉ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၂ ဦးနှင့် ရခိုင် ပြည်နယ်မှ ၂ ဦးတို့ဖြစ်ပြီး ယင်းရေလုပ်သား များသည် အိန္ဒိယရေ ပိုင်နက်အတွင်း အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် ဝင်ရောက်ပြီး ပင်လယ်မျှော့၊ ငါးများဖမ်းကြရာမှ အိန္ဒိယအစိုးရ၏ ဥပဒေအရ အပြစ်ဒဏ် ကျခံပြီး မြန်မာ နိုင်ငံသားများ ဖြစ်ကြောင်း အတည်ပြုချက်ရရှိပြီး သူများဖြစ်သည်။ ကျန်ရှိခဲ့သော မြန်မာရေလုပ်သား ၁၀ ဦးအား ကာလကတ္တားမြို့ ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသန်းထွေးနှင့် ကောင်စီဝန်ချုပ်ရုံး သံရုံးအုပ် ဦးတင်ထွန်းအောင် တို့က ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ပြီး အမြန်ဆုံး မြန်မာနိုင်ငံသို့ ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မေ ၃၁ ရက် နှင့် ဇွန် ၂ ရက်တွင် ပြန်လည်ခေါ်ယူခဲ့သည့် မြန်မာရေ လုပ်သား စုစုပေါင်း ၂၆၂ ဦး ဖြစ်ကြောင်း သိရှိရသည်။
သတင်း- ဇော်မင်းလတ်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြန်မာရေလုပ်သား ၁၃၃ ဦး ဒုတိယသုတ် အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
Reviewed by THITHTOOLWIN
on
21:53
Rating: