ရိုဟင်ဂျာကို မြန်မာနိုင်ငံမှာ ဘင်္ဂါလီလို့ ခေါ်ဆိုကြပါတယ်။ (Credit: Reuters) |
ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအရေး ဖြေရှင်းရေးမှာ မြန်မာနိုင်ငံက အချိန်ယူရမှာ ဖြစ်တဲ့အတွက် ရိုဟင်ဂျာဆိုတဲ့ ထိလွယ်ရှလွယ်တဲ့ အသုံးအနှုန်းကို ရှောင်ရှားမယ်လို့ အီးယူသံအမတ်က ပြောလိုက်တာ ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ပါရှိပါတယ်။
အီးယူက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ရှောင်ရှားမယ်လို့ ပြောဆိုနေပေမယ့် အမေရိကန် အစိုးရကတော့ လူတွေမှာ မိမိဘယ်သူဆိုတာ ခေါ်ပိုင်ခွင့်ရှိတယ်ဆိုတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ရိုဟင်ဂျာလို့ ခေါ်စေချင်သူကို ရိုဟင်ဂျာလို့သာ ခေါ်မယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
လူဦးရေ ၁ သန်းကျော်ရှိတဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေက သူတို့ကို သူတို့ ရိုဟင်ဂျာလို့ ဖော်ပြကြပေမယ့် မြန်မာအများစုကတော့ ဘင်္ဂါလီလို့သာ သတ်မှတ်ကြတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ကုလသမဂ္ဂကိုယ်စားလှယ်နဲ့ တွေ့ဆုံတုန်း မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို သုံးမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာ ရှိပါတယ်။
မြန်မာဆိုင်ရာ အီးယူသံအမတ် Roland Kobia ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းက မြန်မာနိုင်ငံမှာ စိတ်ခံစားမှုတွေ စုပေါင်းထားတဲ့ အသုံးအနှုန်းဖြစ်တာကြောင့် မြန်မာအစိုးရက ဒီကိစ္စကို ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာ အီးယူက အဲဒီ အသုံးအနှုန်းကို ရှောင်မှာဖြစ်ပြီး တဖြေးဖြေးနဲ့ ပြဿနာ ဖြေရှင်းနိုင်မယ်လို့ ယူဆကြောင်း ပြောသွားခဲ့ပါတယ်။
ရိုဟင်ဂျာကို ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအဖြစ် ခေါ်ဆိုဖို့ အစိုးရက ပြောဆိုတာ ရှိပေမယ့် ရခိုင်အမျိုးသားပါတီ ANP က ဒီအသုံးနှုန်းအရ မွတ်ဆလင်တွေဟာ ရခိုင်ပြည်နယ်မှာ မူလနေထိုင်သူတွေအဖြစ် သတ်မှတ်ရာ ရောက်တာကြောင့် အဲဒီအသုံးအနှုန်းကို ကန့်ကွက်တယ်လို့ ပြောဆိုဖူးတာ ရှိပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
အီးယူက ရိုဟင်ဂျာ ဆိုတဲ့ အသုံးနှုန်းကို မသုံးဟုဆို
Reviewed by THITHTOOLWIN
on
16:57
Rating: