သစ်အခြေခံစက်ရုံမှ လမ်းလျှောက်ဆန္ဒပြခဲ့သည့် ထိန်းသိမ်းခံ အလုပ်သမား ၅၁ ဦးအနက် ၃၆ ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်
ရမည်းသင်း မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး စက်မှုဇုန်ရှိ Myanmar Veneer သစ်အခြေခံ စက်ရုံမှ နေပြည်တော်သို့ လမ်းလျှောက် ဆန္ဒပြခဲ့သည့် အလုပ်သမားအဖွဲ့မှ ထိန်းသိမ်းခံခဲ့ရသော အဖွဲ့ဝင် ၅၁ ဦး အနက် ၃၆ ဦးကို မေ ၃၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရမည်းသင်း ဗဟိုအကျဉ်း ထောင်မှ လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
စစ်ကိုင်းမြို့မှတစ်ဆင့် နေပြည် တော်သို့ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ ကြရာ မေ ၁၇ရက် ညနေပိုင်းက တပ်ကုန်း မြို့အဝင်တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ် သည်။ ယင်းထိန်းသိမ်းခံအလုပ်သမား ၅၁ ဦး အနက် ကိုအောင်ဖြိုး၊ ကိုနိုင်ဦး၊ ကိုဝင်းကိုကို အပါအဝင် ဆန္ဒပြအလုပ် သမားအဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၃၆ ဦးတို့သည် ရမည်း သင်းမြို့ ဗဟိုအကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာခဲ့သည်။
၎င်းတို့ကို စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ပို့ဆောင်ပြီး ထိုမှတစ်ဆင့် ၄င်းတို့၏ နေရပ်ဒေသ များသို့ ပြန်လည်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း ဥတ္တရခရိုင် ဒုတိယအုပ်ချုပ် ရေးမှူး ဦးစိုးအောင်ထံမှ သိရသည်။
ဦးစိုးအောင်က ''ဒီနေ့လွှတ်ပေး လိုက်တာကတော့ အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၃၆ ဦးပါ၊ ဘာကြောင့် လွှတ်ပေးတာလဲဆိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ စစ်ဆေးချက်အရ အပြစ်မရှိဘူးလို့ ယူဆတဲ့သူတွေကို လွှတ်ပေးလိုက် တာပါ။ ကျန်တာကတော့ ဒီအလုပ်သမားအဖွဲ့ရဲ့ ခေါင်းဆောင် ကိုခိုင်မင်း အပါအဝင် ၁၅ ဦး ကျန် ပါသေးတယ်၊ သူတို့ကိုတော့ လိုအပ်တာ တွေ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရ ပါတယ်။ အခုလွှတ်လိုက်တဲ့ အလုပ်သမား တွေကို အလုပ်ရှင်ကိုယ်တိုင်ကလည်း ပြောထားတာ ရှိပါတယ်၊ အလုပ်ရှင်က သူတို့ခန့်နိုင်တဲ့အင်အားကို ပြောထား တယ်၊ အဲဒါကိုတော့ ခန့်ပေးမယ်၊ နောက်ထပ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ကလည်း သူတို့ကို သပ်သပ် ဒီ့အပြင်နေရာတွေမှာတော့ အလုပ်ရှာပေးမယ်ဆိုပြီး အရင်ကတည်း ကလည်း ညှိနှိုင်းထားတာရှိပါတယ်၊ သူတို့ ဘက်က အဆင်မပြေလို့ပါ၊ အခုလွတ် မြောက်တဲ့ အလုပ်သမားတွေအနေနဲ့ လိုအပ်ချက်တွေ ထပ်ပြီး တောင်းဆိုသွား မယ်ဆိုလျှင် ဥပဒေဘောင်အတွင်းက နေပဲ ဖြစ်မယ်ဆိုရင် ပိုကောင်းပါတယ်၊ ဒီလိုအလုပ်သမားတွေ ပြန်လွှတ်တာက ရက် ၁ဝဝ စီမံချက်လားဆိုတော့ ဟုတ်တယ်၊ နောက်ထပ်လည်း ပြည်ထဲ ရေး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံရေး အကျဉ်းသားလို့ ယူဆထားတဲ့ သူတွေ အကုန်လုံးကို စစ်ဆေးပြီးတော့ လွှတ်ပေး နေတာတွေရှိတယ်။ ရဲတပ်ဖွဲ့နဲ့ အကျဉ်း ဦးစီးဌာနနဲ့ပေါင်းပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်''ဟု ဆိုသည်။
ယနေ့လွတ်မြောက်လာသည့် ထိန်း သိမ်းခံဆန္ဒပြ အလုပ်သမားများအဖွဲ့မှ ကိုမင်းမင်းက ၄င်းတို့ရုံးချိန်းရက်မှာ ဇွန် ၁ ရက်နေ့မှဖြစ်သော်လည်း တစ်ရက်ကြို ၍ လွတ်မြောက်လာခြင်းဖြစ်ကြောင်း၊ လွတ်မြောက်ရသည့်အကြောင်းရင်းကို လည်း ၄င်းတို့ကိုယ်တိုင်မသိရဟု ဆို သည်။ ကျန်ရှိနေသည့် ၁၅ ဦးတွင် ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် ကိုခိုင်မင်း အပါအဝင် ကိုသိန်းဦး၊ ကိုဝင်းမင်းဦး၊ စောအန်းထွန်းတို့ ပါဝင်ကြောင်း သိရ သည်။
၎င်းတို့အနေဖြင့် အလုပ်သမား များ အခွင့်အရေး ရိုးရိုးသားသား တောင်းဆိုခဲ့သည့်အတွက် နောင်တမရ ကြောင်း၊ ကျန်ရှိနေသည့် အလုပ်သမား ခေါင်းဆောင်များ ပြန်လည်လွတ်မြောက် ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုမင်းမင်းကပြောသည်။ ဆန္ဒပြအလုပ် သမား အများစုမှာ စစ်ကိုင်းမြို့ဒေသခံ များဖြစ်ကြပြီး တပ်ကုန်း၊ စဥ့်ကိုင်၊ ကျောက်ဆည် စသည့်ဒေသများမှ သွား ရောက် လုပ်ကိုင်သူများလည်း ပါဝင် သည်။
ထိန်းသိမ်းခံခဲ့ရပြီး ယနေ့လွတ် မြောက်လာသူများထဲတွင် ပါဝင်သည့် ဆန္ဒပြအလုပ်သမားများအဖွဲ့မှ ကိုနိုင်ဦး ကလည်း “''ထောင်ထဲမှာ အခက်အခဲက တော့ ထောင်စည်းကမ်းအတိုင်းနေရတာ ဆိုတော့ မစားချင်လည်းစား၊ စားချင် လည်း စားရတာပေါ့။ အခုလွတ်လာပြီ ဆိုတော့ အရင်တောင်းဆိုထားတဲ့ အလုပ် သမားအခွင့်အရေး အပြည့်အဝရဖို့ ဆက်ပြီးတောင်းဆိုသွားပါမယ်၊ နောက် ပြီး ကျန်နေတဲ့ အလုပ်သမားခေါင်းဆောင် တွေ လွတ်မြောက်ဖို့အတွက် ဆက်ပြီး ဆောင်ရွက်သွားမှာပါ၊ အဖိနှိပ်ခံအလုပ် သမားတွေအတွက် အခွင့်အရေးတွေ ပြန် ရဖို့အတွက်ဆိုရင် ရှေ့ကနေ နောင်တ မရဘဲ ဆက်လက်ဆောင်ရွက်သွားမယ်''ဟု ပြောသည်။
ယင်းဆန္ဒပြအလုပ်သမားများသည် တစ်ရက်လုပ်ခ ငွေကျပ် ၃၆ဝဝ သာ ရရှိ သည့်အတွက် ကျွမ်းကျင်ကြေး၊ လုပ်သက် ခံစားခွင့်၊ ရက်မှန်ကြေး၊ စားစရိတ် နေစရိတ်နှင့် ခရီးစရိတ်များပါ ရရှိရေး တောင်းဆိုခဲ့ကြရာ ဖေဖော်ဝါရီလ အတွင်းက အဆိုပါစက်ရုံမှ အလုပ်ထုတ်ခံ ခဲ့ရသဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ ထိန်းသိမ်းခံခဲ့ရပြီး ယနေ့တွင် ၃၆ ဦး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
သတင်း-ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ-လှိုင်သန်းတင့်(ရမည်းသင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သစ်အခြေခံစက်ရုံမှ လမ်းလျှောက်ဆန္ဒပြခဲ့သည့် ထိန်းသိမ်းခံ အလုပ်သမား ၅၁ ဦးအနက် ၃၆ ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်
Reviewed by THITHTOOLWIN
on
08:57
Rating: