ဈေးကမောက်ကမဖြစ်အောင် လုပ်နေတဲ့ ရှယ်ယာဝယ်ယူသူတချို့ကို ဥပဒေနဲ့အညီအရေးယူမယ်လို့ ရန်ကုန်စတော့အိတ်ချိန်းသတိပေး
ရန်ကုန်စတော့အိတ်ချိန်းမှာ ရှယ်ယာဝယ်ယူသူတချို့ဟာ အစုရှယ်ယာတွေဝယ်ယူဖို့တင်ထားပေမယ့် အမှန်တကယ်အရောင်းအ၀ယ် ဖြစ်ကာနီးအချိန်မှ ရှယ်ယာတွေကို မ၀ယ်တော့ဘဲ ဈေးကမောက်က မဖြစ်အောင်လုပ်နေတာကို ငွေချေးသက်သေခံလက်မှတ်များလဲလှယ် ရောင်းဝယ်ရေး ဥပဒေအရ အရေးယူတော့မယ်လို့ရန်ကုန်စတော့အိတ်ချိန်းက ဇွန်လ (၁) ရက်နေ့မှာ သတိပေးကြေညာလိုက်ပါတယ်။
ရှယ်ယာရောင်းဝယ်မှုပြုလုပ်ရာမှာ တချို့ ရှယ်ယာဝယ်ယူသူတွေက Market Order အတွက် ရှယ်ယာအစုပေါင်းများစွာမှာယူထားပြီး အချိန်နီးကပ်မှ ရုတ်တရက် ပြန်ဖြုတ်ချတာကြောင့်ရှယ်ယာဈေးတွေ မတည်မငြိမ်ဖြစ်ပြီး ရှယ်ယာရှင်တွေနဲ့ ရှယ်ယာရောင်းချနေတဲ့ ကုမ္ပဏီကို ထိခိုက်မှုတွေ ရှိနေတယ်လို့ရန်ကုန်စတော့အိတ်ချိန်းရဲ့အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးကပြောပါတယ်။ လက်ရှိ မှာ ရှယ်ယာအရောင်းအ၀ယ်ကို နေ့လည် (၁၁)နာရီနဲ့ (၁) နာရီမှာ တစ်ကြိမ်စီပြုလုပ်ပြီး အဲ့ဒီဈေးကွက်မှာ အ၀ယ်တင်ထားသူတချို့က ဈေးကွက်ပိတ်ခါနီး မိနစ် (၂၀) လောက်အလိုမှာ ရုတ်တရုတ် ရှယ်ယာဝယ်မယ့်စာရင်းထဲကထွက်သွားတဲ့ အတွက် အခုလိုသတိပေးလိုက်တာဖြစ်ပြီးအရေးယူမှုအပိုင်းကိုတော့ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကော်မရှင်ကပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဒီလိုဈေးကွက်ထိခိုက်စေဖို့တမင်ရည်ရွယ်လုပ်ဆောင်ကြောင်း ထင်ရှားရင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေပုဒ်မ( ၅၄) နှင့် (၆၀)အရအရေးယူမယ်လို့ ရန်ကုန်စတော့အိတ်ချိန်း ရဲ့သတိပေးချက်မှာဖော်ပြထား ပါတယ်။ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေပုဒ်မ( ၆၀) အရ ဒီလိုဝယ်လိုအားနဲ့ ရောင်းလိုအားကို ဖန်တီးပြီး ဈေးနှုန်းကြိုးကိုင်ခြယ်လှယ်ဖို့ ပြုလုပ်ကြောင်း ထင်ရှားရင် ထောင်ဒဏ်(၁၀)နှစ်ထက်မပိုတဲ့ ပြစ်ဒဏ်နဲ့ငွေဒဏ်ကိုချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
5 Plus News
https://www.facebook.com/5plusnews/
ဈေးကမောက်ကမဖြစ်အောင် လုပ်နေတဲ့ ရှယ်ယာဝယ်ယူသူတချို့ကို ဥပဒေနဲ့အညီအရေးယူမယ်လို့ ရန်ကုန်စတော့အိတ်ချိန်းသတိပေး
Reviewed by THITHTOOLWIN
on
22:18
Rating: