ရေဦး၊ ဇွန် ၎
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ရွာဗုကြီးကျေးရွာအုပ်၊ လှည်းသွင်းကျေးရွာတွင် အစာအဆိပ်သင့်ရောဂါဖြစ်ပွားမှုကြောင့် လူနာတစ်ရာကျော်အား မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဇွန် ၃ ရက်နေ့မှစတင်၍ အရေးပေါ်ဆေးကုသပေးလျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
အဆိုပါ အစာအဆိပ်ရောဂါ ရရှိသူများသည် ဇွန် ၂ ရက်နေ့ မနက် ၉ နာရီအချိန်က လှည်းသွင်းကျေးရွာတွင် ပြုလုပ်ခဲ့သော မင်္ဂလာဆောင်ပွဲမှ ကျွေးမွေးဧည့်ခံသော တစ်ရက်ကြို ချက်ပြုတ်ထားသည့် ငါးခြောက်ကြော်၊ ပဲနှပ်၊ ငှက်ပျော်ဖူးချဉ်၊ ငရုပ်သီးကြော်နှင့် ကြာဇံဟင်းလျာများကို စားသုံးပြီးနောက် အမျိုးသား (၂၂)ဦး၊ အမျိုးသမီး ( ၁၀၆ ) ဦး၊ ပေါင်း(၁၂၈)ဦးတို့မှာ အစာအဆိပ်သင့်မှုကြောင့် ၀မ်းလျောရောဂါများ ဖြစ်ပွားခဲ့သည်ဟု ရေဦးမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာ နိုင်မင်းနှင့် အဖွဲ့က မှတ်တမ်းထားသည်။
ထို့ကြောင့် ရေးဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ၀န်ထမ်း တစ်ဆယ့်သုံးဦး၊ ရဲတပ်ဖွဲ့ဝင် လေးဦး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ ငါးဦး တို့သည် အဆိုပါ လှည်းသွင်းကျေးရွာ၌ အရေးပေါ် ဆေးကုသရေးစခန်းများဖွင့်လှစ်ကာ ယင်း လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်း သိရှိရသည်။
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
ရေဦးမြို့နယ်တွင် အစာအဆိပ်သင့်ရောဂါကြောင့် လူတစ်ရာကျော်အား အရေးပေါ်ဆေးကုသနေရ
Reviewed by THITHTOOLWIN
on
16:19
Rating: